Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 9, 2015

ရွှေဈေး ၂ သောင်းကျော်ထပ်တက်ပြီး ဈေးကွက်ပိတ်


ဒီနေ့ မနက်ပိုင်းက ၇၄၅၀၀၀ နဲ့ ဖွင့်ခဲ့တဲ့ ရွှေဈေးနှုန်းဟာ ဈေးကွက်ပိတ်ချိန်မှာတော့ ၇၆၈၀၀၀ ဖြစ်သွားတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

” ညနေ ၄ နာရီခွဲ က ဈေးကွက်ပိတ်ပါတယ်။ အ၀ယ်သန်နေတယ်”လို့ သူက ပြောပါတယ်။ ဒါဟာ ၂၄ နာရီ အတွင်း ၂၇၀၀၀ ထပ်တက်သွားတာပါ။

ရွှေဈေးဟာ ၂၀၁၃ ခုနှစ်ကနေ အခုချိန်အထိ အမြင့်ဆုံး ဈေးနှုန်းကိုရောက်နေပါတယ်။ ၂၀၁၁ ခုနှစ်ကတော့ မြန်မာ့ရွှေဈေးနှုန်းဟာ ၇၉၀ ၀၀၀ ကျော်အထိ ဖြစ်ခဲ့ဖူးတာပါ။

 By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no

No comments:

Post a Comment