Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 5, 2015

ထိုင်းရောက်မြန်မာအလုပ်သမလေးတစ်ယောက် အလုပ်ကအိမ်အပြန်ပန်းကောင်းအညွှန့်ချိုးခံရပြန်ပြီ




ထိုင်းနိင်ငံမဟာချိုင်နယ်မြေ ရပ်ကွက်တစ်ခုတွင်းရှိ ထိုင်းယူနီယံအလုပ်ရုံကြီး၏
ရုံခွဲတစ်ခုတွင်အလုပ်လုပ်နေသောအသက် ၁၉ နှစ်အရွယ်မြန်မာအလုပ်သမလေး
ဖြစ်သောမြန်မာပြည် ဧရာဝတီတိုင်း ......မြို့နယ် ......ရွာနေတိုင်းရင်းသူ
ကရင်မလေးနန်းအဲမူ (နာမည်ရင်းမဟုတ်ပါ) ညဆိုင်းအလုပ်ဆင်းပြီးအဖော်များနှ
နှင့်စက်ဘီးစီး အခန်းအပြန်၊မနက်မိုးလင်းခါနီး လေးနာရီခွဲနှင့်ငါးနာရီကြားတွင်
ထိုင်းလူငယ်ခြောက်ဦးမှ စက်ဘီးကိုတွန်းလှဲပြီးအတင်းကားပေါ်တင်ခေါ်သွားပြီး
လူပြတ်သောလမ်းနဘေးတစ်နေရာတွင်ထိုလူငယ်ခြောက်ဦးလုံးမှ အလိုမတူပဲ
မုဒိမ်းကျင့်စော်ကားပြီးပန်းကောင်းအညွှန့်ချိုးခဲ့ကြပါသည်။


သူမကရှိသမျှခွန်အားလေးနှင့် အရှုံးမပေးပဲပြန်လည်ခုခံခဲ့သဖြင့် လူ့ငနွားများက
မျက်နှာနှင့်ခန္နာကိုယ်အနှံကိုထိုးကြိတ်ကန်ကျောက်ခဲ့ရာဒဏ်ရာများလည်းရဘဝ
လည်းပျက်ခဲ့ရပါသည်။သူမကအသက်ကြီးပြီးအလုပ်သိပ်မလုပ်နိင်သောမိခင်နဲ့
လက်ရှိမဟာချိုင်မှာအတူနေရင်း မိခင်ကိုလုပ်ကျွေးနေသူလေးဖြစ်ပါသည်။
အိမ်ထောင်မရှိသေးတဲ့မိန်းမပျိုလေးလည်းဖြစ်ပါသည်။

ဒီလိုရင်နာစရာအဖြစ်အပျက်တွေဟာ ထိုင်းနိင်ငံရောက်မြန်မာအမျိုးကောင်းသမီးေ
လေးတွေအတွက်တော့ ပထမဆုံးအဖြစ်မဟုတ်ပဲ မကြာခဏဖြစ်လေ့ရှိပြီး ဘဝပျက်
ခဲ့တဲ့မြန်မာသမီးပျိုလေးတွေလည်း မနည်းတော့ပါဘူး။
ဒါကြောင့်ယ္ခုအကြိမ်မှာတော့ ဒီအမှုကိုထိထိရောက်ရောက်ကိုင်တွယ်နိင်ဖို့သက်ဆိုင်
ရာထိုင်းအာဏာပိုင်များနှင့်မြန်မာ့အာဏာပိုင်များကိုသတင်းပို့တင်ပြပြီး အရေးယူပေး
ဖို့ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီကကြိုးစားသွားမှာဖြစ်ပါ
သည်။ယခင်ဖြစ်စဉ်များမှာတော့ တရားခံမုဒိမ်းကောင်များကိုဘယ်သောအခါမှဖမ်းမိ
ခဲ့ခြင်းမရှိပဲ မြန်မာမိန်းကလေးများသာဘဝပျက်နစ်နာခဲ့ကြရပါသည်။

ဒါကြောင့် အထူးသတိပေးချင်တာကတော့ ထိုင်းနိင်ငံရောက်မြန်မာအလုပ်သမား/
မတွေအနေနဲ့ ဘယ်နေရာကိုသွားသွား ဘာပဲလုပ်လုပ်မပေါ့ဆပဲ သတိထားပတ်ဝန်း
ကျင်ကိုမပြတ်အကဲခတ်ပြီး စည်းစည်းလုံးလုံးနေကြပါလို့တိုက်တွန်းနိုးဆော်လိုက်
ချင်ပါသည်။ဒီဖြစ်စဉ်ကိုအသေးစိတ်သိနိင်ဖို့ မြန်မာအလုပ်သမားကူညီစောင့်ရှောက်
ရေးကော်မတီဝင် ကိုကိုနိင်နှင့်ကိုရဲမင်းတို့မှလက်တွေ့လှုပ်ရှားခဲ့ကြပါသည်။ ကိုယ်ချင်းစာစိတ်ရှိတဲ့ထိုင်းလူမျိုးတွေကတောင် ဒီလုပ်ရပ်ကိုမကျေနပ်ကြပဲ သူတို့
လည်းဒီအမှုအတွက် တတ်နိင်သလောက်ကူညီပေးမယ်လို့သိရပါသည်။
ကျွန်တော်တို့ရတ်ထိုင်းအဖွဲ့မှလည်းသူမရဲ့ကျန်းမာရေးအတွက်တာဝန်ယူကုသပေး
သွားမယ်လို့ ဒေါက်တာခင်ကပြောဆိုသွားခဲ့ပါသည်။နန်းအဲမူမျက်ဝန်းကမျက်ရည်တွေ
နဲ့ သူမမိခင်ရဲ့မျက်ရည်တွေက ကျွန်တော့်တို့ရဲ့ရင်ဘတ်တွေကိုနာကျင်စေပါတယ်။
သတင်းဓါတ်ပုံ- ရဲမင်း(RTF )မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး
မဟာမိတ်ကော်မတီ-ထိုင်းနိင်ငံ

No comments:

Post a Comment