Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

မြိုင်ကြီးငူဆရာတော်က ပိဋကတ်မြန်မာပြန်စာကို ကရင်ဘာသာပြန် ပိဋကတ်တော်အဖြစ် ကျောက်စာချပ်ရေ ၁၇ဝဝကျော်စိုက်ထူမည်

သူသူထက်လွင်
ရန်ကုန်၊ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ အတွင်း မြိုင်ကြီးငူဆရာတော်က
ပိဋ ကတ်မြန်မာပြန်စာကို ကရင်ဘာသာ ပြန် ပိဋကတ်တော်အဖြစ် ကျောက်စာ ချပ်ရေ ၁၇ဝဝကျော် စိုက်ထူသွားမည် ဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်စာ ချပ် ၆ဝဝကျော်ကိုရေးထိုးရန် ကျန်ရှိနေ ဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်စာများကို ပိဋ ကတ်စာအုပ်များမှကူးယူပြီး မြိုင်ကြီးငူ ဒေသ၊ ဘားအံနှင့် ကျုံထော်ရေတံခွန် သွားရာလမ်း၊ ကြက်တူရွေးတောင်ခြေ တွင် စိုက်ထူထားခြင်းဖြစ်သည်။
''ဆရာတော်ကိုယ်တိုင်လည်း ရေး ထိုးသလို ကျွန်တော်တို့တွေလည်း ဆရာ တော်နဲ့ အတူ ကျောက်စာရေးထိုးတာကို လုပ်ဆောင်နေကြပါတယ်။ ကျောက်စာ ရေးထိုးတဲ့အလုပ်သမား ၂ဝလောက် တော့ ရှိမယ်။ စရိတ်ငြိမ်းလစာတစ်သိန်း လောက်ပေးထားပါတယ်''ဟု ကျောက် စာရေးထိုးနေသည့် ကိုမြတ်ကပြောသည်။
ဆရာတော်သည် ပိဋကတ်သုံးပုံ ကျမ်းစာအုပ်များဖြစ်သည့် ဝိနယပိဋ ကတ်၊ သုတ္တန္တပိဋကတ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရ နိကာယ်၊ သုတ္တန်ကျမ်းစာများ၊ အဘိဓမ္မပိဋကတ် တော်များကို ကရင်ဘာသာဖြင့်လည်း ကောင်း၊ ကရင်လေးထောင့်စာလုံးဖြင့် လည်းကောင်း ရေးထိုးလျက်ရှိသည်။
လက်ရှိအချိန်တွင် ကျန်းမာရေး အရ အောက်ဆီဂျင် တပ်ဆင်ထားရ
သော မြိုင်ကြီးငူဆရာတော်ကိုယ်တိုင် ပိဋကတ်သုံးပုံကျမ်းစာများကို ကရင်လို ဘာသာပြန်ပြီး ကျောက်ထက်အက္ခရာ တင်နေကြောင်း သိရသည်။
''ဆရာတော်ကိုယ်တိုင်ရေးထိုး ထားတဲ့ ကျောက်စာချပ်က ၁ဝချပ်ကျော် ရှိပြီ'' ဟု မြိုင်ကြီးငူကျောင်းတိုက်ရှိ ဦး ဇင်းတစ်ပါးကမိန့်ကြားသည်။
Yangon Media Group

No comments:

Post a Comment