(5.6.15) 4:00 pm
ယနေ့ (5.6.15)ညနေ(4:00)ကရန်ကုန်မြို့ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီးအစည်းဝေးခန်းမတွင် ဆေးရုံအုပ်ကြီး ပါရဂူကြီးများ ဆရာဝန်ကြီးများက အရေးပေါ်ခွဲစိတ်ကုသမှုခံယူရသော ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှဝန်းရံပြည်သူကိုတင်ဝင်းခွဲစိတ်ကုသမှုနှင့်ပတ်သက်၍ မိသားစုများ သက်ဆိုင်သူများကို အသေးစိတ်ရှင်းပြပါသည်။
--ရှင်းလင်းပွဲသို့ဆေးရုံအုပ်ကြီးဒေါက်တာဦးအေးကိုကိုအပါအဝင်ပါမောက္ခကြီးများဆရာဝန်ကြီများ(14)ဦးတက်ရောက်ပါသည်။
--လူနာရှင်ဘက်မှ ကိုတင်ဝင်းဇနီးမမြင့်မြင့်ကြည်နှင့် အထောက်အကူပြုကော်မတီမှ ကိုဇော်ရမ်းဦးဆောင်သောအဖွဲတို့တက်ရောက်ပါသည်။
--ဆေးရုံအုပ်ကြီးဒေါ်ပပမှတစ်ဦးခြင်းမိတ်ဆက်ပေးပြီးခွဲစိတ်ကုသမှုအပြည့်အဝအောင်မြင်ကြောင်းရှင်းပြပါသည်။
---ထိုနောက်ခွဲစိတ်ပါရဂူကြီးဒေါက်တာမြတ်သူ အကြောအဆစ်ပါမေက္ခဒေါ်ခင်မျိုးလှ၊ခွဲစိတ်ပါရဂူဒေါက်တာသိန်းလွင်တို့က video ပုံသေ file များနှင့်အသေးစိတ်ရှင်းပြပါသည်။
---၎င်းတို့က လူနာကိုတင်ဝင်းကိုခွဲစိတ်ကုသမှုရာနှုန်းပြည့်အောင်မြင်ကြောင်း လည်ပင်းမှလိုအပ်သည့်ကုသမှုအတွက် ကရိယာတစ်ခုအသုံးပြုခဲကြောင်း(15)သိန်းတန်ဘိုးရှိကြောင်းစုစုပေါင်းကုန်ကျမှုအားလုံးကိုနိုင်ငံတော်မှအကုန်အကျခံပါကြောင်း။
--လည်ပင်းအတွက်လိုအပ်သောအရိုးကိုတင်ပါးဆုံရိုး မှရယူအစားထိုးပေးခဲ့ကြောင်း
---ကိုတင်ဝင်းမှာအများဆုံး(7)ရက်ခန့်ဆေးရုံတွင်ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း။ပုံသေတော့ပြောမရကြောင်း။
--လည်ပင်းတွင်ဒေါက်တပ်၍တစ်လခန့်နေရမည်ဖြစ်ကြောင်းရှင်းပြပါသည်။
--ဆေးရုံဝန်ထမ်းအားလုံးက ဆင်းရဲချမ်းသာမရွေး လူမျိုးမရွေးဘာသာမရွေးညီကိုမောင်နှမကဲသို့သဘောထားကုသပေးပါကြောင်းရှင်းပြပါသည်။
---လူနာရှင်မိသားစုမှစိုးရိမ်မှုများ သိလိုသည်များ ဂရုစိုက်ရမည့်အချက်များကိုမေးမြန်းဆွေးနွေးပါသည်။ပါမောက္ခကြီးများစိတ်ရုည်စွာရှင်းပြပါသည်။
---အထောက်ကူပြုကော်မတီမှကိုဇော်ရမ်းက ယခုလိုခွဲစိတ်ကုသပေးသည့်အတွက်အထူးကျေးဇူတင်ပါကြောင် ဤလူနာမှပင်မကျောင်းသားသပိတ်စစ်ကြောင်းမှဖြစ်၍ တနိုင်ငံလုံး တကမ္ဘာလုံးကစောင့်ကြည့်နေပါကြောင်း သာယာဝတီထောင်ထဲမှကျောင်းသားများကသတင်းမေးနေပါကြောင်းနိုင်ငံရပ်ခြားမှလည်းသတင်းမေးလျက်ရှိကြောင်း ဒီမင်္ဂလာသတင်း(ခွဲစိတ်ကုသမှုအောင်မြင်ကြောင်းသတင်း)ကိုကျွန်တော်မှထုတ်ပြန်မှာဖြစ်၍ ဓာတ်ပုံရယူလိုကြောင်းဆွေးနွေးရာ အတွင်းဆွေးနွေးရှင်းပြမှုဖြစ်၍ဓာတ်ပုံရိုက်မရကြောင်းဆေးရုံအုပ် ဒေါ်ပပမှယဉ်ကျေးစွာမေတ္တာရပ်ခံပါသည်။
--ညနေ 4:25 pmတွင်ရှင်းပြမှုဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါသည်။

Credit-ကိုဇော်ရမ်း (5.6.15) 5:52 pm
09260663448
09260663448
No comments:
Post a Comment