Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 14, 2015

မြန်မာစာယူနီကုတ်စနစ်လူသုံးများလာရန် ပြည်တွင်း ပြည်ပ ပညာရှင်များ ပူးပေါင်းအဆင့်မြှင့်မည်

မြန်မာယူနီကုတ်စနစ်ကို မြန်မာဘာသာနှင့် တိုင်းရင်းသား ဘာသာစကားများပါဝင်ပြီးအဆင်ပြေစွာအသုံးပြုနိုင်မည့်စနစ်တစ်ခုဖြစ်စေရန် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများပူးပေါင်း၍ အဆင့်မြှင့်တင်မှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အတွင်းရေးမှူး ဦးထွန်းသူရသက်ကပြောသည်။
‘‘ယူနီကုတ်ကို လူသုံးများပြီး အောင်မြင်တဲ့စနစ်တစ်ခုဖြစ်လာဖို့ နဲ့ မြန်မာစာအပြင် တိုင်းရင်းသား ဘာသာစကားတွေပါ အဆင်ပြေ အောင်သုံးနိုင်ဖို့အတွက် အဆင့် မြှင့်တင်သွားပါမယ်။ အဲဒီအတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်က မြန်မာစာအဖွဲ့နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်’’ဟု ၎င်းကပြောသည်။
လက်ရှိတွင် Google မှ ၎င်း တို့၏ နည်းပညာထုတ်ကုန်များဖြစ် သည့် Android စမတ်ဖုန်းများ၊ Gmail, Youtube, Google.com. mm, Google Map, Google Translate နှင့် Chrome Browser တို့တွင် မြန်မာယူနီကုတ်စနစ်ကို စံစနစ်အဖြစ်သတ်မှတ်ပြီး တရား ဝင်ထောက်ပံ့ပေးလာသော်လည်း အများစုမှာ ဇော်ဂျီကိုသာဆက် လက်အသုံးပြုနေ၍ ယခုကဲ့သို့ အဆင့်မြှင့်တင်မှုများပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။
‘‘ယူနီကုတ်ကို အားလုံးက ပြောင်းမသုံးကြသေးတဲ့အတွက် ပညာပေးအစီအစဉ်လေးတွေပြု လုပ်ပေးသွားဖို့လည်းရှိပါတယ်။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးသွားဖို့ ဖိုရမ် တစ်ခုလည်းပြုလုပ်သွားဖို့ရှိပါ တယ်’’ဟု ဦးထွန်းသူရသက်က ပြောသည်။
   မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အနေဖြင့် ယူနီကုတ် စနစ်ကို ပို၍ကျယ်ပြန့်စွာအသုံး ပြုနိုင်စေရန် နိုင်ငံတကာထိပ်တန်း နည်းပညာကုမ္ပဏီများဖြစ်သည့် Google, Facebook, Microsoft တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
http://7daydaily.com/story/39525

No comments:

Post a Comment