Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 9, 2015

ဘီလျံနာသူဌေးမလေး ပဲရစ်စ်ဟီလ်တန် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်း။

 ကမ္ဘာကျော် ဇိမ်ခံဟော်တယ်ကြီးများတွင် တခုအပါအ၀င်ဖြစ်သော Hilton ဟော်တယ်
ကြီးများပိုင်ရှင် ဘီလျံနာသူဌေးကြီး ရစ်ချက်ဟီလ်တန်၏ သမီးချော ပဲရစ်စ်ဟီလ်တန်ဟာ
ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ကြောင်း သူမ၏ ပြောရေးဆိုခွင့်
ရှိသူ အရာရှိ Ian Brinkham မှ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူမဟာ ရိုမန်ကက်သလစ်ဘာသာဝင် မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့ပြီး ငယ်စဉ်ကပင် ဘာသာေ၇း
ကို စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၇ ခုနှစ်မှာအ၇က်သောက်ပြီး ကားမောင်းမူဖြင့် ထောင်ထဲခဏ၀င်ခဲ့ရပါသေးတယ်၊ အဲဒီဖြစ်ရပ်
နောက်ပိုင်းမှာ ဘာသာေ၇းကို ပိုပြီးစိတ်ဝင်စားလာခဲ့ပြီး ဘာသာတရားပေါင်းစုံကို လေ့လာ
စူးစမ်း ၀င်ေ၇ာက်ခဲ့ပါတယ်။

“I think this time this is the right religion for her. Although I have to say she has been through about 23 religions and cults this year alone,” her sister, Nicky Hilton told TMZ.
သူမဟာ ဘာသာတရားပေါင်း ၂၃ မျိုးနဲ့ ၊ ဘာသာရေးအယူဝါဒများစွာကို ဒီတစ်နှစ်ထဲမှာ
ဝင်ရောက်လေ့လာစမ်းသပ်ခဲ့တယ်၊ အခုဒီတခါတော့ သူမအတွက် အမှန်ကန်ဆုံး ဘာသာတရား(ဗုဒ္ဓဘာသာ)ကိုတွေ့ ရှိသွားပြီလို့ ထင်ပါတယ်။

အဲဒါကတော့ အမဖြစ်သူ နစ်ကီဟီလ်တန်က ပြောပြခြင်းဖြစ်ပါတယ်။

ပဲရစ်စ်ဟီလ်တန်ဟာ ဗုဒ္ဓဘာသာသို့ မကူးပြောင်းခင်မှာအစ္စလာမ်ဘာသာကိုလည်း လေ့လာစမ်းသပ်ကြည့်
ပါသေးတယ်။ ဒါပေမယ့် တပါတ်တောင် မကြာပါ။တနေ့ ငါးခါဘုရားရှစ်ခိုးရတာ၊ တလဥပုတ်စောင့်
ရတာတွေဟာ အရမ်းကို ငြီးငွေ့ စိတ်ပျက်စရာလို့ သူမ ခံစားမိပါတယ်။ ဒါ့အပြင် မွတ်စလင်မတွေလို
အမြဲတမ်း တကိုယ်လုံးခေါင်းမြီးချုံနေရမယ်ဆိုရင် အ၀တ်အောက်မှာ ခန္ဓာကိုယ်ဟာ နံစော်နေမယ့်
အဖြစ်ကို သူမ မလိုလားပါ၊ ဒါကြောင့် အစ္စလာမ်ကို တပါတ်ခန့် လေ့လာစမ်းသပ်ပြီးရပ်စဲခဲ့ပါတယ်။

ဒါပေမယ့် ပဲရစ်စ်ဟီလ်တန် အစ္စလာမ်သို့ ကူးပြောင်းလိုက်ပြီဆိုသော ကောလဟလ
သတင်းထွက်ပေါ်ခဲ့ပြီး အားရ၀မ်းသာ ဂုဏ်ပြုကြိုဆိုကျသော အရှေ့ အလယ်ပိုင်းအာရပ်
ခေါင်းဆောင်များ၏ တယ်လီဖုန်းလာတိုင်း ဒီသတင်းမမှန်ပါဖူးလို့ ခဏခဏရှင်းပြရတာ
အလွန်မောပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူအရာရှိ Ian Brinkham က ပြောပါတယ်။

ကိုးကားလင့်ခ်မှာ

http://www.dailysquib.co.uk/entertainment/2645-paris-hilton-converts-to-buddhism.html

http://hollowverse.com/paris-hilton/

ဦးခင်မောင် ရဲစိန်

No comments:

Post a Comment