Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 25, 2015

ဘူခါရ်ဆောင်းမှု ပိတ်ပင်ပေးရန် စာတင်မည်


ပြည်တွင်းစာသင်ကျောင်းများတွင် အစ္စလာမ်ဘာသာဝင်များ၏ ဘူခါရ်ဆောင်းမှုအား ပိတ်ပင်ပေးရန်အတွက် ပညာရေးဝန်ကြီးထံ စာတင်တောင်းဆိုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ကျော်ဝေမင်း
မန္တလေး၊ ဇွန် ၂၂
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း အမျိုးသားယဉ်ကျေးမှုနှင့် အမြင်တွင် မကိုက်ညီခြင်းနှင့် ၎င်းတို့၏ယုံကြည်ရာကို နားလည်သော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီခြင်း၊ ထို့အပြင် ဘူခါရ်ဆောင်းထားခြင်းကြောင့် မည်သူမည်ဝါ ဆိုသည်အား သိရှိရန်မလွယ်ကူဘဲ လုံခြုံရေးအခြေအနေကိုလည်း စိုးရိမ်စရာဖြစ်ခြင်းတို့ကြောင့် အဆိုပါဘူခါရ်ဆောင်းမှုအား ပိတ်ပင်ပေးပါရန် ပညာရေးဝန်ကြီးအပါအဝင် တိုင်း၊ မြို့နယ် ပညာရေးမှူးရုံးများသို့ စာပေးပို့သွားမည်ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အောက်မြန်မာပြည်) အဖွဲ့ဝင် ဆရာတော်ဦးနေမိန္ဒက မိန့်ကြားသည်။
“မြန်မာပြည်ကိုချစ်တဲ့မူဆလင်တွေလည်းရှိပါတယ်။ အဲဒါကို ဦးဇင်းတို့သိပါတယ်။ သူတို့တွေရဲ့ သွင်ပြင်လက္ခဏာက မြန်မာ့ယဉ်ကျေးမှုအညီ နေထိုင်ကြတယ်။ အခုဟာက သူတို့ယုံကြည်ရာတစ်ခုကို နားလည်ပေမယ့်လည်း လုံခြုံရေးအရလည် မကောင်းဘူးလေ။ ပြီးခဲ့တဲ့ပဋိပက္ခတုန်းကဆိုရင်လည်း ယောက်ျားတွေက ဘူခါရ်ခြုံပြီး မိန်းမပုံစံမျိုးဟန်ဆောင်ထားတာတွေလည်း ရှိခဲ့တယ်”ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်သည်။
အဆိုပါကိစ္စအား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ပြီးခဲ့သည့် နှစ်ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပြီး ယခုအစည်းအဝေးပြီးချိန်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ မဘသများဦးဆောင်ကာ ပညာရေးဝန်ကြီးထံ စာတင်သွားမည်ဖြစ်သည်။
“ပထမအဆင့်အနေနဲ့ စာသင်ကျောင်းတွေကို စလုပ်တာပါ။ နောက်နှစ်တွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လုပ်ဖို့လည်း ရှိပါတယ်။ အဲဒီကိစ္စနှင့်ပတ်သက်ပြီး ဦးဇင်းအနေနဲ့လည်း သဘောထားကြေညာချက် ထုတ်ဖို့လည်း ရှိပါတယ်။ ကျန်တဲ့အဖွဲ့တွေကလည်း သူတို့ဒေသကို သူတို့ပြန်ရောက်ကြတာနဲ့ စတင်လုပ်ဆောင်သွားကြမှာပါ”ဟု ဆရာတော်ဦးဝီရသူက ဆက်မိန့်ကြားသည်။
မဘသအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းဝေးပွဲကြီးတွင် အဆိုပါဘူခါရ်ကိစ္စအပြင် ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးကိုလည်း လုပ်ဆောင်ခဲ့ရာ အစိုးရဘက်မှ ဘုရားကြီးအနီး စီမံကိန်းများအား ဖျက်သိမ်းပေးမည်ဟု ကတိပြုခဲ့သည်။ မဘသအဖွဲ့အနေဖြင့် (၁၅)ရက် ထပ်မံစောင့်ကြည့်သွားမည်ဖြစ်ပြီး ထူးခြားမှုတစ်စုံတရာမရှိခဲ့ပါက လူထုလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွာမည်ဖြစ်သည်။
(23.6.2015) မန္တလေးအလင်း နေ့စဉ်သတင်းစာ

No comments:

Post a Comment