Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 8, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ယနေ့လွှဲပြောင်းပေးမည်


လှေစီးဒုက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)
မောင်တောပင်လယ်ရေ ပြင်ပိုင်နက်တွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၂၀၀ အနက်
စိစစ်ပြီးသား ၁၅၀ ကို နှစ်နိုင်ငံအလံတင်အခမ်း အနားပြုလုပ်၍ ယနေ့
(ဇွန်လ ၈ ရက်)တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်
ဖြစ်ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်ချစ်ကြည်ရေး
တံတားအနီးတွင် ဇွန်လ ၈ ရက် နံနက် ၁၁ နာရီ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ကော့ဘဇားအခြေစိုက် နယ်ခြားစောင့် တပ်ရင်းမှူးထံ တရားဝင်လွှဲပြောင်းရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြား
ရေးမှူးက ပြောကြားသည်။
‘‘ကျွန်တော်တို့ဘက်ကသူတို့ဘက်ကို ဒီစာရင်းကို ပေးလိုက်တဲ့အခါမှာ သူတို့ဘက်
ကနေပေးတဲ့ လိပ်စာတွေနဲ့ မှန်/မမှန်ပြန်စိစစ် တာပေါ့။ နေရပ်လိပ်စာတွေ၊
ဖုန်းနံပါတ်တွေ၊ စိစစ်ပြီး မှန်တဲ့အခါမှာ ဟိုဘက်ကိုပြန်လွှဲတော့မှာပါ’’ ဟု ရခိုင်
ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးကပြောကြားသည်။
ကျန်ဘင်္ဂါလီ ၅၀ ဦးကို စစ် တွေမြို့မှ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် ကိုယ်တိုင် စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။ ၎င်း တို့ကို လူကုန်ကူးခဲ့သည့်
စက်လှေ ပိုင်ရှင် ထိုင်းနိုင်ငံသားနှင့်အတူ အမှုတွင် ပါဝင်ပတ်သက်နေသူ
လေးဦးအား စစ်တွေထောင်တွင် ထိန်းသိမ်း၍ စစ်ဆေးနေသည်။
မြန်မာ့ပင်လယ်ပြင်ပိုင်နက်တွင် ဒုတိယအကြိမ်ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၇၀၀
ကျော်၌ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၅၄၆ ဦး ပါဝင်ပြီး မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီ
၁၈၇ ဦးဖြစ်ကာ အဆိုပါ ၁၈၇ ဦးတွင် အမျိုးသား ၁၁၀ ဦးနှင့် အမျိုးသမီး
၇၇ ဦး ဖြစ်ကြောင်း သတင်းရရှိ သည်။
http://7daydaily.com/story/39017

No comments:

Post a Comment