Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 8, 2015

အဝတ်ဗလာနဲ့ဓါတ်ပုံရိုက်တဲ့ ခရီးသွားတွေကြောင့် ငလျင်လှုပ်တာလို့ မလေးရှားပြည်နယ်အစိုးရ စွပ်စွဲ


ပြီးခဲ့တဲ့ သောကြာနေ့က မလေးရှားနိုင်ငံအနောက်ဘက်ကမ်းခြေမှာ ငလျင်လှုပ်ခဲ့တာဟာ တောင်ထိပ်မှာ အဝတ်ချွတ်ပြီးဓါတ်ပုံရိုက်ခဲ့ကြတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကြောင့်လို့ မလေးရှားနိုင်ငံ ဆာဘက်ပြည်နယ် ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ အမြင့်ဆုံးတောင်ထိပ်တွေရှိတဲ့ အဲဒီဒေသကို နှစ်စဉ် နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ အများအပြားလာလေ့ရှိပါတယ်။

ထောင်ထိပ်ပေါ်မှာ အဝတ်ချွတ်ပြီးဓါတ်ပုံရိုက်တဲ့လုပ်ရပ်ဟာ တောင်တွေကိုမလေးမစားပြုမသလို ဖြစ်ခဲ့လို့ အခုလို ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရတာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီငလျင်ကြောင့် တောင်တက်သမား အပါအဝင် စုစုပေါင်း ၁၃ ဦးလောက်သေဆုံးခဲ့ရပါတယ်။ နိုင်ငံခြားသားဧည့်သည့်တွေက Kinabalu လို့ခေါ်တဲ့ တောင်ထိပ်ပေါ်မှာ ပြီးခဲ့တဲ့လက အဝတ်ဗလာနဲ့ဓါတ်ပုံရိုက်ခဲ့တာကို ပြည်နယ်ဝန်ကြီးချုပ်က အပြစ်တင်နေတာဖြစ်ပါတယ်။ ၅.၉ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြောင့် Kinabalu တောင်ကနေ မြေပြိုဆင်းမှုတွေဖြစ်ခဲ့ပါတယ်။ တောင်ထိပ်ပေါ်မှာ အဝတ်ချွတ်ပြီး ဓါတ်ပုံရိုက်သွားတဲ့ ဧည့်သည်တွေ ပြန်သွားပြီး တပတ်အကြာမှာ ငလျင်လှုပ်ခဲ့တာဖြစ်ပါတယ်။


ဒီအပြုအမူဟာ တောင်စောင့်နတ်ကိုစိတ်ဆိုးစေခဲ့လို့ ငလျင်လှုပ်ရတာလို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ ခရီးသွားတွေဟာ တောင်တွေကို မလေးစားတဲ့အပြုအမူမျိုးလုပ်ခဲ့သလို ရိုးရာစည်မျဉ်းတွေအရ သင့်တော်တဲ့အရေးယူမှု လုပ်ရမယ်လို့ ပြည်နယ်ဝန်ကြီးက ထူးထူးခြားခြားပြောခဲ့ပါတယ်။
http://www.planet.com.mm

No comments:

Post a Comment