အင်္ဂလန်အဆိုတော် အက်ဒ်ရှီရန်က သူအနေနဲ့ ကမ္ဘာကျော်ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ကို ချစ်ရေးမဆိုဖြစ်ခဲ့တာဟာ သူမရဲ့ ရှည်လျားလွန်းတဲ့ အရပ်အမောင်းကြောင့်ဖြစ်တယ်လို့ ရေဒီယိုအင်တာဗျူး တစ်ခုမှာ ဖွင့်ဟသွားခဲ့ပါတယ်။
တေလာထက် အသက်တစ်နှစ်ငယ်တဲ့ ၂၄ နှစ်အရွယ် ပေါ့အဆိုတော်နဲ့တေးရေးဆရာ ရှီရန်ဟာ အတော်ခင်မင် ရင်းနှီးကြသူတွေဖြစ်ပြီး သီချင်းတွေလည်း အတူတွဲဆိုခဲ့ဖူးပါတယ်။ ရှီရန်က သူနဲ့တေလာဆွစ်တို့ကို ကြည့်လိုက် ရင် Hobbit ဇာတ်ကားထဲက လူပုလေးလို ကိုယ်ကိုယ်ကိုယ် ခံစားရတယ်လို့လည်း ဆိုခဲ့ပါတယ်။
“ တေလာနဲ့ ကျွန်တော် တွေ့ဖြစ်ခဲ့တာက အလုပ်ကိစ္စသက်သက်ပဲ ဖြစ်ပါတယ်။ သူနဲ့ကျွန်တော် သီချင်းတွေ တွဲ ရေးဖူးသလို သီချင်းတွေလည်း အတူဆိုခဲ့ဖူးပါတယ်။ သူမက ကျွန်တော့်အတွက် အရပ်ရှည်လွန်းတယ်လို့ ဆိုချင်ပါတယ်။” ပါတယ်လို့ ရှီရန်က ဖွင့်ဟခဲ့ပါတယ်။ ရှီရန်က တေလာဆွစ်နဲ့ လက်ရှိတွဲခုတ်နေတဲ့ အဆိုတော် နဲ့ ဒီဂျေသမား ကယ်ဗင်ဟားရစ်နဲ့ ပက်သက်လို့ “ဒီလူက တကယ့်ကို လူကောင်းတစ်ယောက် ဖြစ်ပါတယ်။ ကျွန် တော်တို့ဂီတလောကထဲမှာ ဒီလိုလူကောင်းတွေ အများကြီး ရှိပါတယ်။ သူ့ကို လွန်ခဲ့တဲ့ တနှစ်လောက်ကတည်း က ကျွန်တော် သိခဲ့တာ ဖြစ်ပါတယ်။ သူက တကယ့်ကို လူကောင်းတစ်ယောက် ဖြစ်ပါတယ်” လို့ မှတ်ချက်ပေး သွားခဲ့ပါတယ်။
တေလာဟာ မကြာသေးခင်က နယူးယော့ခ်မှာ ပြုလုပ်ခဲ့တဲ့ ညစာစားပွဲတစ်ခုကို သူငယ်ချင်း တွေဖြစ်တဲ့ မော်ဒယ်မလေး ဂျီဂျီဟာဒစ်၊ မာသာဟန့်တို့နဲ့အတူ ကြွကြွရွရွ တက်ရောက်ခဲ့ပြီး ကယ်ဗင်ကတော့ နယူးယော့ခ်မှာ ရှိတဲ့ သူ့အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့တာ တွေ့ရပါတယ်။
Ref – Dailymail
http://www.planet.com.mm/detail/27905/Entertainment
No comments:
Post a Comment