Taiwan Coast Guard's new patrol ship, the 3000-ton 'Ilan' (L), is seen during a commissioning ceremony in the port of Kaohsiung, southern Taiwan, June 6, 2015. |
တိုင်ပေ ၊ ၈-၆-၂၀၁၅
တရုတ်(တိုင်ပေ) ကမ်းခြေစောင့် တပ်ဖွဲ့ အနေဖြင့် တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံ နှင့် အငြင်းပွားမှုများ မြင့်တက်နေစဉ် နိုင်ငံ၏ ကာကွယ်ရေး စွမ်းအင်ကို မြှင့်တင်ရန် အတွက် အလေးချိန်တန် ၃ဝဝဝ ရှိ အကြီးဆုံး ကင်းလှည့် ရေယာဉ်နှစ်စင်း အား ဇွန် ၆ ရက်တွင် တပ်တော်သွင်း ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေယာဉ်များ အနေဖြင့် တောင်တရုတ် ပင်လယ် အတွင်းရှိ စပရတ်တလီ ကျွန်းစုများ အနက် တိုင်ပင်းကျွန်း တွင် တည်ဆောက်လျက် ရှိသော ဆိပ်ကမ်းသစ်၌ ယခုနှစ် မကုန်မီတွင် ကျောက်ချရပ်နား နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကြာသေးမီ ကာလအတွင်း တိုင်ပင်းကျွန်း ပေါ်ရှိမီတာ ၁၂ဝဝ ရှည်လျားသည့် လေယာဉ် ပြေးလမ်းအား အဆင့်မြှင့်တင် မွမ်းမံခြင်းနှင့် ဆိပ်ကမ်းသစ် တစ်ခု တည်ဆောက်ခြင်း တို့ကို ရည်ညွှန်း၍ အဆိုပါ ကျွန်း၏ ကာကွယ်ရေး စွမ်းရည် များသည် အားနည်းမှု ရှိလိမ့်မည် မဟုတ်ကြောင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများသည် အစောဆုံး ယခုနှစ် အောက်တိုဘာလ အတွင်း ပြီးစီး နိုင်ကြောင်း ကမ်းခြေစောင့် အစိုးရအဖွဲ့ ဝန်ကြီး ဝမ်ချောင်ရီ က ပြောကြား ခဲ့သည်။
တပ်တော်သွင်း ခဲ့သည့် ကင်းလှည့် ရေယာဉ် နှစ်စင်းအနက်မှ တစ်စင်းအား တောင်တရုတ် ပင်လယ်ပြင်သို့ စေလွှတ် သွားမည် ဖြစ်ကြောင်း နှင့် ဒုတိယ အစင်းအား ဂျပန်နိုင်ငံက ၄င်းတို့ ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားလျက် ရှိသည့် နိုင်ငံ၏ မြောက်ပိုင်း ရေပိုင်နက် အတွင်းသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း တရုတ် (တိုင်ပေ) သမ္မတ မာယင်ကျိုး က ပြောကြား ခဲ့သည်။
Taiwan coast guard launches new ships as South China Sea tensions rise
#PyiChitThar
No comments:
Post a Comment