အစိုးရ လုပ်သားတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စုဆောင်းထားတဲ့ အမေရိကန် အစိုးရရဲ့ ကွန်ပျူတာ စနစ်ဟာ ဖောက်ထွင်းခံ ခဲ့ရတယ်လို့ သိရပါတယ်။ ဟက်ကာတွေဟာ အစိုးရ၀န်ထမ်း စီမံခန့်ခွဲမှု ဌာနကို ဖောက်ထွင်း သွားခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ဇွန် ၄ ရက်နေ့က ပြောကြား လိုက်ပါတယ်။ ဖောက်ထွင်းမှုမှာ လက်ရှိအစိုးရ လုပ်သား ၄ သန်းနဲ့ အလုပ်သမားဟောင်း တွေရဲ့ အချက်အလက်တွေ ပါဝင် သွားခဲ့တယ်လို့ သိရပါတယ်။ ဆိုက်ဘာ ဖောက်ထွင်း တိုက်ခိုက်မှုာ တရုတ်နိုင်ငံက လာတယ်လို့ အာဏာပိုင် တွေက ယူဆထားကြ တယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်ကို ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
စုံစမ်း စစ်ဆေးမှုကို စတင်နေပြီလို့ အမေရိကန် စုံစမ်းစစ်ဆေးရေး အေဂျင်စီက
ပြောကြားထား ပါတယ်။ ဖောက်ထွင်းမှုဟာ ဧပြီလမှာ စတင်ခဲ့တာဖြစ်ပြီး မေလ
အကုန်မှာ အဆုံးသတ် ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အစိုးရ အကြမ်းဖက်
တိုက်ဖျက်ရေး ဌာနကလည်း ပြောကြား ထားပါတယ်။ အခြား အစိုးရ အေဂျင်စီတွေရဲ့
အချက်အလက်တွေကို ထိခိုက်ခြင်း ရှိလား ဆိုတာကိုတော့ အမေရိကန်အစိုးရ
အရာရှိတွေက ပြောကြားခြင်း မရှိဘူးလို့ သိရပါတယ်။ ဖောက်ထွင်းမှုဟာ
ထိတ်လန့်အံ့သြစရာ ဖြစ်ပြီး ပြည်ထောာင်စု အစိုးရရဲ့ ကွန်ပျူတာ ကွန်ယက်တွေကို
လုံခြုံတိကျတဲ့ ကာကွယ်မှုတွေနဲ့ ထိန်းသိမ်း ထားမယ်လို့ အမေရိကန်တွေ
တင်ထားကြမှာပါလို့ စုံစမ်းထောက်လှမ်းရေး ဆိုင်ရာ အမေရိကန် လွှတ်တော်
ကော်မတီမှ လွှတ်တော် ကိုယ်စားလှယ် အဒမ်ရှဖ့်က ပြောကြားထားပါတယ်။ ဆိုက်ဘာဒေတာ
လုံခြုံရေးတွေနဲ့ ကာကွယ်ရေး စနစ်တွေကို ပြုလုပ်ဖို့က နောက်ကျနေပြီဆိုတာ
ရှင်းပါတယ် လို့လည်း အဒမ်ရှဖ့်က ပြောကြား ထားပါတယ်။
MRTV 4
MRTV 4
No comments:
Post a Comment