Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်လာသူများနှင့်မြန်မာနယ်ခြားစောင့်တပ်ဖွဲ.အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာမှဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ထားသူ အဒူလ္လာဇတ်ဆိုသူတစ်ဦးတစ်ဦးဖမ်းမိ ။


ဇွန်လ ၁၇ ရက် နံနက် ၆ နာရီ
-
ရခိုင်ပြည်နယ်မောင်တောမြို့နယ်ရေတွင်းကျွန်းချောင်းဝကင်းစခန်းအနီး
မြန်မာ့ရေပိုင်နက်အတွင်းဝင်လာသောစက်လှေတစ်စီးကိုမြန်မာနယ်ခြား
စောင့်တပ်ကစစ်ဆေးရန်ပြောကြားစဉ်ဖြေကြားခြင်းမရှိဘဲပြန်လှည့်ထွက်ရန်
ကြိုးစားပြီးသေနတ်ဖြင့်ပစ်ခတ်၍မြန်မာနယ်ခြားစောင့်တပ်ကပြန်လည်
ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
-
ထိုစက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံ
ဝတ်ဆင်ထားသူ တစ်ဦနှင့် အရပ်ဝတ်နှစ်ဦး ပါဝင်ပြီး အပြန်အလှန်ပစ်ခတ်ရာ
၎င်းတို့စီးနင်းလာသည့် စက်လှေစက် ချို့ယွင်းပြီး ရေထဲသို့ခုန်ချရာမှ
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ထားသူအဒူလ္လာဇတ်ဆိုသူ
တစ်ဦးကိုM22သေနတ်တစ်လက်နှင့်အတူဖမ်းဆီးမိခဲ့ကြောင်းနှင့်
-
အရပ်ဝတ်နှစ်ဦးမှာလွတ်မြောက်သွားခဲ့ပြီး၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာ
သေနတ်ထိမှန်သွားခဲ့ကြောင်း၊ဖမ်းဆီးရမိသူအဒုလ္လာဇတ်ကိုအသေးစိတ်
ချက်အလက်များစစ်ဆေးမေးမြန်းနေပြီးယင်းပစ်ခတ်မှုကြောင့်
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှတပ်သားတစ်ဦးခြေထောက်
သေနတ်ထိမှန်ခဲ့၍ ဆေးဝါးကုသမှု ခံယူနေရကြောင်း
လည်းသတင်းကြားသိရပါသည်။
========
Zaw Shinn.


No comments:

Post a Comment