Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 15, 2015

မြန်မာ ပရိတ်သတ် ရဲ့ အားပေးမှု ကို မကြောက်ဘူးလို့ ထိုင်းနည်းပြဆို

ပရိသတ်ကတော့စိတ်ချရတယ်

Posted by The Melting Pot 4 U on Monday, 15 June 2015

အခု ၂၀၁၅ ခုနှစ် ဆီးဂိမ်း ဘောလုံး ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ကြမယ့် မြန်မာ ယူ-၂၃ အသင်းနဲ့ ထိုင်း ယူ-၂၃ အသင်းတို့ ဟာ လွန်ခဲ့တဲ့ ၂၂ နှစ် က ၁၉၉၃ ခုနှစ်ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ ရဲ့ ဖိုင်နယ်ပွဲစဉ်တုန်းကလည်း စင်္ကာပူမှာပဲ ယှဉ်ပြိုင်ခဲ့ကြဖူးပါတယ်။
မြန်မာ အသင်းဟာလည်း ၂၀၁၅ ခုနှစ်ဆီးဂိမ်း ဘောလုံးပြိုင်ပွဲရဲ့ ခြေအစွာဆုံး အသင်းဖြစ်တဲ့ ဗီယက်နမ် အသင်းကို ဆီမီးဖိုင်နယ်မှာ ၂ ဂိုး - ၁ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ဖိုင်နယ်ကိုတက်ရောက်လာနိုင်ခဲ့တာ ဖြစ်သလို ထိုင်း အသင်းဟာလည်း အင်ဒိုနီးရှား အသင်းကို ၅ ဂိုး - ဂိုး မရှိ နဲ့ အနိုင်ရပြီး ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ် အပြီးမှာ မြန်မာ နည်းပြ ဦးကြည်လွင်ကလည်း "၁၉၉၃ ခုနှစ်တုန်းက ကျွန်တော်က ကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော် နည်းပြပါ။ ကျွန်တော် စကာင်္ပူ မှာ ဖိုင်နယ် နောက်တစ်ကြိမ် တက်ရောက်လာရတာကို ၀မ်းသာမိပါတယ်" လို့ ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဗီယက်နမ်ကို အနိုင်ရခဲ့တဲ့ လျှို့ဝှက်ချက်ကတော့ အင်တိုက်အား တိုက် အားပေးတဲ့ မြန်မာ ပရိတ်သတ်တွေကြောင့် ဖြစ်တယ်လို့ ဦးကြည်လွင်က ဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ပြိုင်ဘက် အသင်းဖြစ်တဲ့ ထိုင်း အသင်း ရဲ့ နည်းပြ Choketawee Promrut ကလည်း မကြောက် ဘူးလို့ ပြန်လည်ချေပ ပြောဆိုထားပါသေးတယ်။
"ကျွန်တော်တို့ရဲ့ ထိုင်း ပရိတ်သတ်တွေလည်း ဖိုင်နယ် ကို လာအားပေးမှာပါ။ ကျွန်တော်တို့လည်း ဆူညံ သံတွေ ဖန်တီးနိုင်ပါတယ်။ ကျွန်တော့်ရဲ့ အသင်းဟာ မြန်မာ ပရိတ်သတ် တွေ အောင်ပွဲခံဖို့ အခွင့်အရေးနည်းသွားအောင် အကောင်းဆုံး လုပ်ပြနိုင်ပါတယ်။" လို့ Choketawee Promrut က ဆိုထားပါတယ်။
မြန်မာ အသင်းနဲ့ ထိုင်း အသင်းတို့ ၁၉၉၃ ခုနှစ်မှာ တွေ့ဆုံခဲ့စဉ်ကတော့ ထိုင်း အသင်း က ၄ဂိုး - ၃ ဂိုး နဲ့ မြန်မာ အသင်းကို အနိုင်ရခဲ့ပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : The Straits Times

No comments:

Post a Comment