ဘရပ်ဆဲလ် ၊ ၄-၆-၂၀၁၅
အာကာသတွင် ခရီးသွားခြင်း ကြောင့် လူသားတို့ အတွက် မည်သို့ခံစား စေရသည်ကို သိရှိရန် အတွက် ဘယ်လ်ဂျီယံ နိုင်ငံမှ သိပံ္ပ ပညာရှင် တစ်စုက အာကာသ ဘူတာရုံ (ISS) သို့ ကြွက်သုံးကောင် စေလွှတ်ခဲ့ပြီး သုံးလအကြာ မြေပြင်သို့ ပြန်ခေါ် လာခဲ့၍ စစ်ဆေးကြည့်ရာ ကြွက်များတွင် အရေပြား ပါးလာခဲ့ကြောင်း နှင့် အမွှေးအမှင်များ ပို၍ ရှင်သန် လာခဲ့ကြောင်း တွေ့ရသည်။
သို့ဖြစ်၍ အာကာသ သူရဲကောင်းများ အာကာသ၌ တာဝန် ထမ်းဆောင်နေစဉ် ကြုံတွေ့ နိုင်သည့် အခြေအနေ တစ်ရပ်အဖြစ် အကြံပြုချက် ထွက်ရှိ လာသည်။
အာကာသ သူရဲကောင်း အချို့တို့တွင် အာကာသ အတွင်း တာဝန် ထမ်းဆောင် နေစဉ် ၄င်းတို့၏ အသားအရေများ ခြောက်သွေ့ ပျက်စီး လာခြင်း၏ အဖြေကို ယနေ့ တွေ့ရှိ လာရခြင်း ဖြစ်သည်။
၂ဝဝ၆ ခုနှစ်က ဥရောပ နိုင်ငံသား အာကာသ သူရဲကောင်း တစ်ဦးမှာ အာကာသတွင် တာဝန် ထမ်းဆောင်နေစဉ် ၄င်း၏ အသားအရေများ ရေဓာတ် ခန်းခြောက် လာသည်ကို တွေ့ရှိခံစား ခဲ့ရကြောင်း သိရသည်။
အဆိုပါ လေ့လာမှုကို ဘယ်လ်ဂျီယံ နိုင်ငံ လီရန် တက္ကသိုလ် မှ ကြီးမှူး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၉ ခုနှစ်က ကြွက် ခြောက်ကောင်ကို Mice Drawer System (MDS) ဖြင့် နိုင်ငံတကာ အာကာသ ဘူတာရုံသို့ စေလွှတ်ခဲ့ရာ အပြန်ခရီးတွင် ကြွက်သုံးကောင် သာ အသက်ရှင်သန် ခဲ့ရသည်။ လေ့လာ တွေ့ရှိမှု အရ အာကာသတွင်း နေထိုင်စဉ် ၄င်းတို့၏ ကိုယ်တွင်း အင်္ဂါများ လှုပ်ရှားမှုတွင် သက်ရောက်မှုများ ရှိခဲ့ပြီး အသက် ရှင်သန်လျက် ပြန်လည် ရောက်ရှိ နေသော ကျန် ကြွက်သုံးကောင် ကိုစမ်းသပ်ရာမှ ယခုကဲ့သို့ လေ့လာတွေ့ရှိ ခဲ့ရကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment