Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

မိုးခေါင်သည့်အတွက် စိုက်ပျိုးထားသော စီပီပြောင်းခင်းများ ပျက်စီး


ယခုနှစ် စိုက်ပျိုးရာသီအတွင်း မိုးရွာသွန်းခြင်း မရှိသည့် အတွက် စိုက်ပျိုးထားသော စီပီပြောင်းခင်းများ အပင်ပေါက်ရောက်မှု နည်းနေပြီး ပျက်စီးမှုများနေကြောင်း ဒေါဆိုရှေး ကျေးရွာမှ ဦးပါစကွားလယ်က ပြောသည်။

"ဆယ်လုံး(ဆယ်စေ့) စိုက်မှ သုံးလုံးလောက် ပေါက်တယ်လေ" ဟု ပြောင်းဆယ်ဧက စိုက်ပျိုးထားသော ဦးပါစကွားလယ်က ပြောသည်။

မိုးခေါင်သည့်အတွက် စိုက်ပျိုးထားသော စီပီပြောင်းခင်းများ ပျက်စီး (ဓါတ်ပုံ-ကေတီ)မိုးခေါင်သည့်အတွက် စိုက်ပျိုးထားသော စီပီပြောင်းခင်းများ ပျက်စီး (ဓါတ်ပုံ-ကေတီ)ဒေါဆိုရှေ့ကျေးရွာတွင် အိမ်ထောင်စု ၁၇ စု ရှိပြီး တအိမ်ထောင်လျှင် အနည်းဆုံး ၁၀ ဧက ဝန်းကျင်စိုက်ပျိုးကြကြောင်း ကယားပြည်နယ် မြို့နယ်တော်တော်များများတွင် စီပီပြောင်းမျိုးကို စိုက်ပျိုးကြကြောင်း သိရသည်။

ယခုလိုပြောင်းပင်များ ပျက်စီးမှုများနေသည့်အတွက် ငွေးကြေး တတ်နိုင်သူအချို့က ပြန်လည် စိုက်ပျိုးနိုင်ကြသော်လည်း အဆင်မပြေသည့်သူများမှာ အခက်အခဲ ကြုံတွေ့နေကြရသည်။

"စီပီပြောင်းကဝယ်ရတာလည်း ဈေးများတယ်။ မြေသြဇာလည်း ဈေးများတဲ့ခါကျတော့ မအောင်မြင်ရင် ကျမတို့ ဒုက္ခရောက်သွားမှာပေါ့" ဟု ခြောက်မိုင်ရွာမှ ဒေသခံတဦးက ဆိုသည်။

ဒေသခံများ စိုက်ပျိုးသော စီပီပြောင်းမျိုးစေ့များမှာ တထုတ်လျှင် ၁၉၀၀၀ ကျပ်ဖြင့်ဝယ်ယူရပြီး ၁ဧက လျှင် ၁ထုပ်နှုန်းဖြင့် စိုက်ပျိုးထားရသည်ဟု သိရသည်။

မိုးခေါင်ရေရှားပါးသည့်အတွက် ဒေါဆိုရှေးကျေးရွာနည်းတူ အခြားသော ဒေသများတွင်းလည်း သီးနှံဖြစ်ထွန်းမှု နည်းနေကြောင်း သိရသည်။

မိုးရွာသွန်းမှု နည်းခြင်းကြောင့် ကယားပြည်နယ်အတွင်းရှိ ဒေသအတော်များများတွင်း စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ အခက်ကြုံကြရသည့်အပြင် သောက်သုံးရေရှားပါးမှု များကြုံတွေ့နေကြရသည်။

Written by ဖဲဘူး
ကန္တရ၀တီတိုင်း(မ်)
http://www.ktimes.org

No comments:

Post a Comment