Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 9, 2015

မစ္စတာဘင်းန်စီးတဲ့ ပြိုင်ကားကို ပေါင် ၈ သန်းနဲ့ဝယ်ယူခဲ့သူ


စကားသိပ်မပြောတဲ့ ဟာသဇာတ်ကားတွေနဲ့ နာမည်ကျော်ပြီး မစ္စတာဘင်းန်လို့ လူသိများတဲ့ ရိုဝင်နအက်ကင်ဆန်ဟာ သူ့ရဲ့ မက္ကလာရင် F1 ပြိုင်ကားအမျိုးအစားကို ပေါင် ၈ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ထူးခြားတာဟာ မစ္စတာဘင်းန်ဟာ ဒီကားကို ၁၉၉၇ ခုနှစ်ကတည်းက ပေါင် ၆၄၀၀၀ နဲ့သာ ဝယ်ယူခဲ့တာ ဖြစ်ပြီး ၁၈ နှစ်သက်တမ်းမှာ ယာဉ်တိုက်မှု နှစ်ကြိမ်လည်းဖြစ်ထားတဲ့ ကားဖြစ်ပါတယ်။


ဒါကြောင့် ၁၈ နှစ်အတွင်းမှာဒီပြိုင်ကားက မိုင်ပေါင်း လေးသောင်းကျော် မောင်းနှင်ခဲ့ပြီးပြီဖြစ်ပေမယ့် အခုလို ပြန်ရောင်းချိန်မှာ စတာလင်ပေါင် ၈ သန်းရခဲ့တာဖြစ်ပါတယ်။ ပိုင်ရှင်မစ္စတာဘင်းန်က ပေါင် ၇.၃ သန်း လောက် အမြတ်ထွက်ခဲ့တဲ့ သဘောပါပဲ။ ၁၉၉၉ တုန်းက တစ်ခါယာဉ်တိုက်မှုဖြစ်ပြီး ၂၀၁၁ မှာတစ်ခါ သစ်ပင်ကို ဝင်တိုက်မိခဲ့ပါသေးတယ်။ ပုခုံးရိုးကျိုးသွားခဲ့တာကလွဲလို့ ရိုဝင်အက်ကင်ဆန်တစ်ယောက် ဒဏ်ရာကြီးကြီး မားမားမရခဲ့ပေမယ့် သူ့ရဲ့ပြိုင်ကားကတော့ အတော်များများပျက်စီးသွားခဲ့ရပါတယ်။
http://www.planet.com.mm

No comments:

Post a Comment