စစ်ဦးစီး အရာရှိချုပ်(လေ) ဗိုလ်ချုပ်လွင်ဦးကို နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တွဲဖက် တာဝန်ထမ်းဆောင်စေလိုက်ကြောင်း သတင်း ရရှိသည်။ ထိုသတင်းနှင့် ပတ်သက်၍ တပ်မတော်(လေ)မှ အရာရှိကြီး တစ်ဦးက ပြေကြားရာတွင် “ကြားတာကတော့ ကိုးကန့် သောင်းကျန်းသူတွေနဲ့ တိုက်ပွဲအတွင်းမှာ တပ်မတော်လေက ကြဲချခဲ့တဲ့ဗုံး
က တရုတ်နိုင်ငံအတွင်း ကျရောက်ပြီး တရုတ်လူမျိုး တချို့ သေဆုံးခဲ့ရတဲ့အပေါ်
တာဝန်ရှိတယ်လို့ ယူဆပြီး ပြောင်းရွှေ့လိုက်တာပဲ၊ သူ့အတွက်ကတော့ နာတာပေါ့၊ လာမယ့် ရွေးကောက်ပွဲမှာ ကာကွယ်ရေး ဦးစီးချုပ်(လေ)က တပ်ကထွက်ပြီး
ရွေးကောက်ပွဲ ၀င်မှာဆိုတော့ သူက ကာကွယ်ရေး ဦးစီးချုပ် (လေ) ဖြစ်မဲ့သူလေ”
ဟု Tomorrowသို့ ပြောပြသည်။
လက်ရှိတွင် လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်မှူး ဖြစ်သူ ယခင်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး သူရ
ကျော်ထင်၏ သားဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်ကျော်ကို စစ်ဦးစီး အရာရှိချုပ်(လေ)
အဖြစ် ရာထူး တိုးမြှင့် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။
သတင်း-Tomorrow သတင်းဂျာနယ်

No comments:
Post a Comment