ဒါပေမဲ့ အမျိုးသမီးတွေ စိတ်ဝင်စား နေတဲ့ ပီမန်တယ်လ်ဟာ ချစ်သူ ရှိနေပြီး ဘ၀ကို အေးဆေးစွာ နေထိုင်သူ ဖြစ်နေတာကြောင့် နီးစပ်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ အသက် (၃၃)နှစ် အရွယ်ရှီ ပီမန်တယ်လ် ဟာ အပြင်မှာ အမျိုးသမီးတွေကြောင့် အနှောင့်အယှက် ဖြစ်စရာတွေ ကြုံတွေ့ နေရတယ်လို့ ၀န်ခံ ခဲ့ပါတယ်။ ပီမန်တယ်လ် ကို အမျိုးသမီးတွေက ဖေ့ခ်ဘွတ်ထဲက ရဲကြီး ဆိုပြီး လာရောက် နှုတ်ဆက် တတ်ကြ ပါတယ်။ ဒါပေမဲ့ ပီမန်တယ်လ်ပာာ အားလုံး နဲ့ ကင်းအောင် နေထိုင် ခဲ့ပါတယ်။ ပီမန် တယ်လ်ရဲ့ မိခင်ကလည်း သားဖြစ်သူမှာ ချစ်သူရှိနေတာ နှစ်နှစ်လောက် ရှိနေကြောင်း၊ သားဖြစ်သူဟာ ချစ်သူကို အလွန် ချစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
ပီမန်တယ်လ်ဟာ အမေရိကန် စစ်တပ်မှာ (၁၀)နှစ် နီးပါး တာဝန် ထမ်းဆောင်ခဲ့ပြီး အီရတ်၊ အာဖဂန်နစ္စတန် စတဲ့ ဒေသတွေမှာ တာဝန်ကျ ခဲ့ဖူးပါတယ်။ ဒီနောက် ရဲတပ်ဖွဲ့ထဲ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ပီမန်တယ်လ်ဟာ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ အမျိုးသမီးတွေက လာရောက် နှုတ်ဆက်ရာမှာ စပိန်စကားတွေနဲ့ ပြောဆိုတာကို ကြုံဖူးပါတယ်။ ပီမန်တယ်လ်က အစောပိုင်းမှာ နားမလည်ပေမယ့် နောက်ပိုင်းမှာ ဘာကို ဆိုလိုသလဲ ဆိုတာ သိလာ ခဲ့ပါတယ်။
အမျိုးသမီးတွေက ပီမန်တယ်လ် ရဲ့ ဖမ်းဆီးခံရတာကို အလိုရှိနေပြီး ရဲစခန်း မှာရှိတဲ့ ရုံးခန်းထဲကို လိုက်နေချင်ကြကြောင်း ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ပီမန်တယ်လ်က မိမိ အတွက် ထူးခြားနေကြောင်း၊ မိမိ အနေဖြင့် စိတ်ဝင်စားအောင် တမင် ပြုလုပ်နေခြင်း မဟုတ်ကြောင်း ပြောကြား ခဲ့ပါတယ်။
http://www.messengernewsjournal.com
- သိပ္ပံပညာရှင်များ ဖန်တီးပုံဖော်သော ကမ္ဘာ့အလှဆုံး အမျိုးသား၊ အမျိုးသမီးမျက်နှာ
- လူ့ သွေးဖြင့်လုပ်သည့် အရွယ်တင်စေမည့် မျက်နှာလိမ်းကရင်မ်
- စပွန်ရှာချင်တဲ့မိန်းကလေးတွေအတွက် စပွန်စာကျောင်းဖွင့်လှစ်
- အ၀တ်ဗလာနဲ့ ပုံတွေချဉ်းဘာကြောင့်ရိုက်နေသလဲမိုင်လေးဆိုင်းရပ်ရှင်းပြ
- ဆရာဝန်ဟန်ဆောင်ပြီး အမျိုးသမီးတရာခန့် ကို ဆေးခတ်ပြီး အဓမ္မကျင့်ခဲ့သူ ကို ရဲတပ်ဖွဲ့ ဖမ်းဆီး
- 'Frisk me, I've been very bad!': NYC cop sets pulses racing after posting a series of VERY arresting photographs to social media
No comments:
Post a Comment