Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 15, 2015

အလ္လာစကာမှာ ကောင်းကင်ပေါ်ကနေ သွေးစုပ်တဲ့ ငါးတွေ ပြုတ်ကျ



အလ္လာစကာရှိ ငါးမွေးမြူးရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ ဒေသတွင်းနေထိုင်သူများအား ကောင်း
ကင်ပေါ်မှ သွေးစုပ်သည့်ငါးများ ပြုတ်ကျလာသော ထူးဆန်းသည့်အဖြစ်အပျက်ကို သတိပေးကြေညာခဲ့ပါတယ်။

ဖေ့ဘွတ်လူမှုကွန်ယက်မှာ တစ်ပတ်အတွင်း သွားတွေပါတဲ့ ငါးလင်ပန်းတွေကို Fairbanks ဧရိယာရှိ ကုန်း
တွင်းပိုင်းဒေသတွေမှာ တွေ့ရှိခဲ့ရကြောင်း အကြောင်းကြားချက် လေးခုတောင် လက်ခံရရှိခဲ့ပါသတဲ့။

ဒေသတွင်းရှိ စတိုးဆိုင်တစ်ခုရဲ့ ကားပါကင်မှာ ငါးလင်ပန်းအရှင်တစ်ကောင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါ
တယ်။ ဒါ့အပြင် ဒေသခံတစ်ဦးကလည်း ၄င်းရဲ့အိမ်ရှေ့မြက်ခင်းပေါ်မှာ တစ်ကောင်တွေ့ရှိခဲ့ကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ဌာနရဲ့အဆိုအရ ငါးလင်ပန်းတွေဟာ ပျံတတ်တဲ့ ငါးအမျိုးအစားတွေ မဟုတ်ဘူးလို့ဆိုပါတယ်။

“ဖြစ်နိုင်တာကတော့ ပင်လယ်ဇင်ယော်ငှက်တွေကြောင့်ပါပဲ။ ဇင်ယော်တွေက Chena မြစ်ထဲကနေ ကိုက်ချီ 
သယ်ဆောင်လာ ပျံနေတဲ့အချိန်မှာ နှုတ်သီးထဲကနေ ချော်ထွက်ပြုတ်ကျလာတာဖြစ်ပါတယ်။ အာတိတ်ငါး
လင်ပန်းတွေဟာ Chena မြစ်ထဲမှာ သားပေါက်တာဖြစ်ပြီး သားပေါက်လေးတွေဟာ ရွှံ့ညွန်ထူထပ်တဲ့
 ရေအောက်ကြမ်းပြင်မှာ နှစ်ပေါင်းများစွာ နေထိုင်ကြီးပြင်းကြပါတယ်” လို့ ရေးသားထားပါသေးတယ်။

ငါးလင်ပန်းတွေဟာ ငါးရှဉ့်တွေနဲ့ ပုံစံဆင်တူပြီး ချွန်ထက်တဲ့ သွားတွေနဲ့ ထူးဆန်တဲ့ပါးစပ်ပုံစံကြောင့် ခွဲခြား
ရလွယ်ကူပါတယ်။

ငါးလင်ပန်းတွေဟာ သူတို့ရဲ့ ချွန်ထက်တဲ့သွားတွေနဲ့ တစ်ခြားငါးတွေရဲ့ ကြေးခွံတွေကို ဖောက်ပြီး သွေးစုပ်
တာဖြစ်ပါတယ်။

( MTN )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

No comments:

Post a Comment