အသက် ၅ နှစ် အရွယ်ဆိုတာဟာ အ၀တ်အစားအတွက် သိပ်တွေးစရာ မလိုသေးပါဘူး။ ဒါပေမယ့် Lily Bushelle ဆိုတဲ့ ကလေးမ တစ်ယောက် အတွက်တော့ အသက် ၅နှစ် အရွယ်မှာတင် ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ အားလုံးရဲ့ ၀တ်စုံတွေကို ၀တ်ဆင်ဖူးသွားခဲ့ပါတယ်။
သူမရဲ့ မိဘတွေဖြစ်တဲ့ Marc နဲ့ Janine တို့ဟာ သူတို့ရဲ့ ကလေးငယ် ကို ကမ္ဘာကျော် သူရဲကောင်းတွေရဲ့ လွှမ်းမိုးမှုတွေ ရစေဖို့အတွက် အာကာသဗေဒ ပညာရှင်တွေ ၊ နိုင်ငံရေး သူရဲကောင်းတွေ ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အစရှိတဲ့ ကမ္ဘာကျော် သူရဲ ကောင်းတွေရဲ့ ၀တ်စုံတွေကို ၀တ်ဆင်စေ ခဲ့တာပဲဖြစ်ပါတယ်။
အဲဒီလို ၀တ်ဆင်စေခြင်းအားဖြင့် သူတို့ရဲ့ ကလေးအနေနဲ့ ကမ္ဘာ့ သမိုင်းမှာ ထင်ရှားခဲ့သူတွေရဲ့ ရာဇ၀င်ကိုလည်း ရင်းနှီးသွားလိမ့်မယ်လို့ မိဘနှစ်ပါး က ယုံကြည်နေပါတယ်။
ဖခင် Marc ကလည်း ဓါတ်ပုံဆရာ တစ်ယောက်အတွက် ဖြစ်တဲ့အတွက် သူ့ရဲ့ သမီး Lily Bushelle ကို နိုဘယ်ဆုရှင်တွေဖြစ်တဲ့ မာသာထရီဆာ ၊ မာလာလာ တို့ရဲ့ ပုံစံတူ ၀တ်စုံတွေကို ၀တ်ဆင်စေခဲ့ပါတယ်။ ဒါ့အပြင် အနုပညာရှင်တွေဖြစ်တဲ့ Grace Jones နဲ့ Nina Simone တို့လိုမျိုးလည်း ၀တ်ဆင်စေခဲ့ပါတယ်။
အမေရိကန် အစိုးရသမိုင်းမှာ ပထမဆုံး ရာထူးကြီးကြီး မားမားရခဲ့တဲ့ လူမည်းအမျိုးသမီး Michelle J.Howard ရဲ့ ပုံစံမျိုးအပြင် Mae Jemison လို Nasa ရဲ့ အာကာသ ပညာရပ်သင်ကြားရေးမှာ ပထမဆုံး အာဖရိကန် အမေရိကန် အမျိုးသမီး ပုံစံမျိုး လို ၀တ်ဆင်စေခဲ့ပါသေးတယ်။
သမီးငယ်ကို သူရဲကောင်းတစ်ယောက်ဖြစ်လာစေချင်တဲ့ မိဘတွေရဲ့ စေတနာတစ်မျိုးပဲ ဖြစ်ပါတယ်။
Ref:mirror.co.uk
http://www.trend.com.mm/2015/06/03/news-6784

No comments:
Post a Comment