CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 2, 2015
ရှေးဟောင်းအမွေအနှစ်နေရာမှာ ၀တ်လစ်စလစ် ဓါတ်ပုံ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံဆရာ စွဲချက်တင်ခံရ
ဓါတ်ပုံဆရာတစ်ယောက်ဟာ အဆင့်မြင့် ရှေးဟောင်း အမွေအနှစ် နေရာတစ်ခုမှာ အမျိုးသမီး တွေ ကို ၀တ်လစ်စလစ် ဓါတ်ပုံ တွေ ရိုက်ကူးပြီးတဲ့နောက်မှာ စွဲချက်တင်ခံထားရပါတယ်။
WANIMAL ဆိုတဲ့နာမည်နဲ့ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာ တစ်ယောက်အဖြစ်ရပ်တည်လာခဲ့တဲ့ Wang Dong ဟာ ဘေဂျင်းမြို့က Imperial နန်းတော်ဟောင်း ထဲမှာ အမျိုးသမီးတွေကို ၀တ်လစ်စလစ် ပုံတွေ စီးရီး အလိုက်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။
ထို ဓါတ်ပုံတွေထဲမှာတော့ မော်ဒယ်လ် ကောင်မလေးတွေဟာ အ၀တ် နဲ့ တူတာ တစ်ခုမျှ ခန္ဓာကိုယ်မှာ ရှိမနေပဲ လုံးဝ ၀တ်လစ်စလစ် အပြင် နန်းတော်ဟောင်းရဲ့ ဗိသုကာ လက်ရာတစ်ခုကို ခွထားပြီးတော့လည်း ဓါတ်ပုံတစ်ပုံ အရိုက်ခံထားပါသေးတယ်။
လူမှု ကွန်ရက် သုံးစွဲ သူ အမြောက်အများကလည်း Wang Dong ကို ရှေးဟောင်း အမွေအနှစ်တွေကို လေးစားမှု မရှိဘူးလို့ ဝေဖန်နေကြပါတယ်။ Wang Dong ရဲ့ ပြောကြားချက်အရတော့ သူ ဓါတ်ပုံရိုက်နေတုန်းက တစ်ယောက်မှ လာရောက်တားမြစ်ချင်းလည်းမရှိသလို သူ ဓါတ်ပုံ ရိုက်နေတာကိုလည်း ဘယ်သူမှ မသိကြဘူးလို့ ဆိုပါတယ်။ သူ ဓါတ်ပုံ ရိုက်တာဟာလည်း ဘယ်သူ့ကို မှ မထိခိုက်စေခဲ့ဘူးလို့ ပြောပါသေးတယ်။
ပြတိုက် တစ်ခုအဖြစ် ပြသထားတဲ့ ထို နန်းတော်ဟောင်း ဟာ နိုင်ငံခြား ခရီးသွားတွေနဲ့ ကလေးတွေအတွက် တော့ ရေပန်းအစားဆုံး အပန်းဖြေနေရာတစ်ခု လည်း ဖြစ်ပါတယ်။
http://knowledge.thithtoolwin.com/2015/06/blog-post_42.html
ရှေးဟောင်းအမွေအနှစ်နေရာမှာ ၀တ်လစ်စလစ် ဓါတ်ပုံ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံဆရာ စွဲချက်တင်ခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment