Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 4, 2015

မိန်းမငါးယောက်တွင် လေးယောက်က နေ့စဉ် လိမ်ပြောဟု ဆို

လူအတော်များများက နေ့စဉ်ဘ၀မှာ မုသားဖြူဖြူတွေလည်း လိုအပ်တယ်လို့ ပြောတတ်ကြပါတယ်။ စစ်တမ်း တရပ်ရဲ့အဆိုအရ လူသုံးယောက်မှာ တစ်ယောက်ကျော်ကျော်လောက်က နေ့စဉ်လိမ်ပြောတတ်ကြတယ်လို့ သိရပါတယ်။ အဆင်ပြေနေတဲ့ စုံတွဲတွေမှာလည်း လိမ်ပြောတာက အတော်လေးအရေးပါတယ်လို့ အဲဒီစစ်တမ်း က ဆိုပါတယ်။ အမျိုးသား ငါးယောက်မှာ နှစ်ယောက်က နေ့စဉ်လိမ်ပြောမိတယ်လို့ စစ်တမ်းမှာ ၀န်ခံခဲ့ပြီး အမျိုးသမီးငါးယောက်မှာ လေးယောက်လောက်က နေ့စဉ်လိမ်ပြောတယ်လို့ ဆိုပါတယ်။ တချို့မိန်းမတွေဆိုရင် တစ်နေ့ကို အကြိမ် ၃၀ လောက်အထိ လိမ်ပြောမိတယ်လို့ ၀န်ခံထားပါတယ်။ လူတွေ လိမ်ပြောကြတယ် ဆိုတာက တဘက်သားရဲ့ခံစားချက်ကို ထိခိုက်မှာ စိုးရိမ်လို့ ဖြစ်ပါတယ်။ ၅၅ ရာခိုင်နူန်းလောက်က တဘက်သားကို ပျော်ရွှင်စေဖို့ လိမ်ပြောတာ ဖြစ်ပြီး ပြဿနာမတက်အောင် လိမ်ပြောမိတဲ့သူက ၃၂ ရာခိုင်နူန်း ရှိပါတယ်။ လိမ်ပြောတဲ့ကိစ္စအတွက် စစ်တမ်းကို လူပေါင်း ၂၀၀၀ အပေါ်မှာ အခြေတည်ပြီး အဖြေရှာခဲ့တာလို့ လည်း သိရပါတယ်။ လူတွေဟာ အလုပ်အကိုင်၊ ရရှိနေတဲ့လစာ၊ ကိုယ်အလေးချိန်တွေနဲ့ ပက်သက်ပြီးတော့ လည်း လိမ်ပြောတတ်ကြပြီး ရှစ်ဆယ်ရာခိုင်နူန်းက တဘက်သားကို ဆိုးဆိုးရွားရွား ထိခိုက်တာမျိုး မဖြစ်အောင် လိမ်ပြောတာကို ဆင်ခြေပေးခဲ့ပါတယ်။ လူဆယ်ယောက်မှာ တစ်ယောက်လောက်ကတော့ သေးမွှားတဲ့ လိမ်လည်မှုတစ်ခုကြောင့် သူတို့ရဲ့နီးစပ်တဲ့သူတွေကို နာကျင်စေခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ လူတွေ အများဆုံး လိမ်ပြောလေ့ရှိတာက အိမ်မှာ ဖြစ်ပြီး လုပ်ငန်းခွင်နဲ့ အလုပ်အင်တာဗျူးတွေမှာက ဒုတိယအများဆုံးဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေနဲ့ စီဗွီဖောင်တွေ ရေးတဲ့နေရာမှာက တတိယအများဆုံး ဖြစ်ပါတယ်။ လူတွေက အခင်မင် ရဆုံးသူငယ်ချင်းတွေကို ၃၀ ရာခိုင်နူန်း လိမ်လည်လေ့ရှိပြီး လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲဖက်တွေ၊ ကလေးတွေကိုတော့ လေးယောက်မှာ တစ်ယောက်လောက်ကို လိမ်လည်လေ့ ရှိပါတယ်။ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတဲ့အချက်က လူတွေက ပျမ်းမျှ အသက် ၄၆ နှစ်ကို ရောက်လာပြီဆိုရင် နေ့စဉ် လိမ်ပြောလေ့ရှိတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လိမ်ပြော၊မပြောစစ်တမ်းကို အင်္ဂလန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပလိုင်းမောက်၊ကာဒစ် နဲ့ ဘရိုက်တန်မြို့တွေမှာ လိမ်ပြောသူတွေ များတဲ့နေရာတွေ ဖြစ်သလို ဆောက်သမ်တန်ကတော့ အရိုးသားဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။ ရှက်ဖီးနဲ့ နောဝစ်ခ်ျတို့ကတော့ ဆောက်သမ်တန်ရဲ့နောက်မှာ အစဉ်လိုက် ရပ်တည်ခဲ့ကြ ပါတယ်။ ဒီစစ်တမ်းကို ပြုလုပ်ခဲ့တဲ့ ဒမ်ဆိုင်မွန်ကတော့ ဗြိတိန်လူမျိုးတွေဟာ လိမ်ပြောရတာကို အပြစ်ရှိတယ်လို့ ခံစားရတဲ့သူတွေဖြစ်တာမို့ ဘာပဲဖြစ်ဖြစ် အမှန်ကို ပြောရတာ သဘောကျသူတွေလို့ သုံးသပ်ခဲ့ ပါတယ်။
Ref – Dailymail
Planet Myanmar Network

No comments:

Post a Comment