Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 27, 2015

ထိုင်းဓာတ်ငွေ့တင်ကား ၇ စီး မြ၀တီတွင် ထိန်းသိမ်းခံရဟု ထိုင်းမီဒီယာများဖော်ပြ


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှတဆင့် ချစ်ကြည်ရေး တံတားကို ကျော်ဖြတ်ကာ မြတီဘက်သို့ သဘာဝဓါတ်ငွေ့ (ဂက်စ်) များ သွားရောက်ပို့ဆောင်သည့် ၁၈ ဘီးကား ၇ စီးကို သတ်မှတ်တန်ချိန်ကို ကျော်လွန်ကာ တန်ပိုတင်ဆောင်သည့်အတွက် မြန်မာဘက်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု ယနေ့ထုတ် ထိုင်းမီဒီယာ အချို့ ကတွင် ဖော်ပြထားသည်။

အဆိုပါကားကြီး ၇ စီးသည် ယမန်နေ့က မြ၀တီမြို့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့်ယာဉ်အကူ အပါအ၀င် ထိုင်းနိုင်ငံသား (၁၀) ဦးမှာ ယနေ့တွင် ထိုင်းဘက်ခြမ်းမဲဆောက်သို့ ပြန်လည်ရောက်ရှိလာသော်လည်း ကား ၇ စီးကိုမူ မြန်မာဘက်က ဆက်လက်ဖမ်းဆီးထားဆဲဟု ထိုင်းဘက်ကပြောသည်။

သဘာဝဓာတ်ငွေ့ တင်ဆောင်လာသည့်ကားများမှာ ထိုင်းနိုင်ငံ SIAM GAS ကုမဏီမှဖြစ်ပြီး ထိုင်းနိုင်ငံမှတဆင့် မြ၀တီမြို့သို့ သဘာဝဓါတ်ငွေ့ (ဂက်စ်) များကို တရားဝင်တင်သွင်းနေသည်ဟုလည်း ဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ထိုင်းဘက်မှတာဝန်ရှိသူများနှင့်မြန်မာဘက်မှတာဝန်ရှိသူများ ဆွေးနွေးကာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဟုလည်း ထိုင်းဘက်က တာဝန်ရှိသူတဦးကပြောသည်။

မြန်မာဘက်မှတာဝန်ရှိသူတဦးက" ဒီနေ့မဲဆောက်ကိုပြန်သွားတဲ့ ထိုင်းကားသမား (၁၀) ယောက်ကို မြန်မာဘက်က သူတို့ကိုဖမ်းဆီးထားခြင်းမရှိပါဘူး သူတို့အားလုံးကို ဟော်တယ်မှာဘဲထားတာဖြစ်တယ်"ဟု ကရင်အမျိုးသား(မီဒီယာ) ကို ပြောသည်။

သဘာဝဓါတ်ငွေ့တင်ကားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြန်မာဘက်ခြမ်းတွင် မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးထိန်းသိမ်းထားသည်ကိုမူ ထိုင်းမီဒီယာများက အတိအကျ ရေးသားထားခြင်းမရှိပေ။

မြန်မာကုန်သည်တဦးက" မဲဆောက်ကနေမြ၀တီကို ဒီကားကြီးတွေ ချစ်ကြည်ရေးတံတားကိုဖြတ်ပြိးသွားရတယ် ထိုင်းကာစတန်ရဲ့ စစ်ဆေးမှုကိုခံရသလို မြန်မာဘက်မှာလည်း ကာစတန်ရဲ့စစ်ဆေးမှုပြီးမှ မြ၀တီမြို့ထဲဝင်ရတာပါ အခုဖြစ်ပုံက မြ၀တီမြို့ထဲရောက်မှ ဒီကားကြီးတွေအဖမ်းခံရတယ်ဆိုတော့ အခြားကိစ္စတခုခုတော့ရှိမယ်လို့ထင်တယ် "ဟု သုံးသပ်ပြောဆိုသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ၀ယ်ယူပြီး ပြန်လည်သန့်စင်ပြီးသော မီးဖိုချောင်သုံး သဘာဝဓာတ်ငွေ့အချို့ကို မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်သည်။

ထိုင်းတနိုင်ငံလုံး သုံးစွဲနေသည့် စွမ်းအင်များထဲမှ ၁၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ၀ယ်ယူသည့် သဘာဝဓာတ်ငွေ့များဖြစ်သည်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)
ဓာတ်ပုံ - မြ၀တီသား

ပုံစာ - မြ၀တီမြို့တွင် သောင်တင်နေသည့် ထိုင်းသဘာဝဓာတ်ငွေ့တင်ကား ၇ စီးအနက် အချို့ကို ယမန်နေ့က တွေ့ရစဉ်။

No comments:

Post a Comment