Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 17, 2015

စတော့ရှယ်ယာကုမ္ပဏီဟုဆိုပြီး ရှယ်ယာဝင်များ၏ ကျပ်သန်း ၁,၆၀၀ ခန့် လိမ်လည်တိမ်းရှောင်မှုဖြစ်ပွား ။


အောင်သစ်လွင်
ရန်ကုန်မြို့တွင် တရား ၀င်ခွင့်ပြုချက်မရဘဲ တရုတ်တိုင်ပေအခြေစိုက်စတော့ရှယ်ယာ ကုမ္ပဏီဟုဆိုကာ ရုံးခန်းလာဖွင့် ပြီး အစုရှယ်ယာဝင်သူများ၏ ကျပ် သန်း ၁,၆၀၀ ခန့်
( ဒေါ်လာ ၁ ဒသမ ၄၈ သန်း)ကို လိမ်လည်တိမ်းရှောင် မှုဖြစ်ပွားခဲ့ကြောင်း သတင်း
ရရှိ သည်။
Global Group ဟု အမည် ပေးထားသည့် အဆိုပါကုမ္ပဏီမှာ ဗဟိုဘဏ်ကထုတ်ပေး
ထား သော ငွေလဲလှယ်ရေးကောင်တာ (Money Exchange) လိုင်စင်ရယူပြီး နိုင်ငံ
တကာတွင် နာမည်ကြီးသည့် စတော့ရှယ်ယာကုမ္ပဏီကြီး Standard Bullion ၏ ရုံးခွဲ
ဟုဆို ကာ ဆူးလေဘုရားလမ်းရှိ ဆာကူ ရာတာဝါ၌ လွန်ခဲ့သော ၂ နှစ်ခန့်က စ၍ ရုံးခန်းဖွင့်လှစ်ခဲ့သည်။ထို့နောက် ရှယ်ယာရှင်များကိုဖိတ်ခေါ်ပြီး အနည်းဆုံးရှယ်ယာ
ငွေ ကျပ်သိန်းငါး ဆယ် ထည့်ဝင်နိုင်ကာ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းပေးမည်ဟု စည်းရုံး
ခဲ့သည်။
အကျိုးအမြတ်များကို တစ်လလျှင်တစ်ကြိမ် နှစ်လလျှင်နှစ်ကြိမ် ပြန်လည်ထုတ်ပေး
လေ့ရှိပြီး အစောပိုင်းတွင်အကျိုးအမြတ် များကိုလည်းပုံမှန်ပေးခဲ့သည်ဟု ရှယ်ယာရှင်
များက ပြောသည်။
ကုမ္ပဏီ၏ မြန်မာပြည်တာ ၀န်ခံ မစ္စတာ ဂျိမ်းဆိုသူက ရှယ်ယာရှင်များ၏ ငွေဒေါ်လာ
၁ ဒသမ၄၈ သန်းကို ယူဆောင်ကာ ဦးစွာတိမ်းရှောင်သွားခဲ့ပြီး ၎င်းကို ဆက်သွယ်၍
မရချိန်တွင် ကုမ္ပဏီ၌ အုပ်ချုပ်မှု ဒါရိုက်တာ မစ္စတာ အမ်းက နိုင်ငံခြားသို့ ထပ်မံတိမ်း
ရှောင်သွားခြင်းဖြစ်သည်ဟု ရှယ် ယာဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ လိမ်လည်
သွားသည့်ငွေမှာ ပြည်တွင်း ဘဏ်အကောင့်များမှ လက်ရှိလည်ပတ်နေသော
ငွေနှင့် ပေါင်းလျှင် ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံ (ကျပ်ငွေသန်းတစ်ထောင့် ခြောက်
ရာ) ထက်ပိုနိုင်ပြီး ခန့်မှန်းခြေ ဒေါ်လာ သုံးသန်း(ကျပ်သန်း သုံးထောင်ကျော်) ခန့်ထိ ရှိနိုင် ကြောင်း ရှယ်ယာ ၀င်သူအများစု က ဆိုသည်။ အလိမ်ခံရသူများတွင် အနည်းဆုံး
ငွေ ကျပ်သိန်းငါး ဆယ် မှ အများဆုံးကျပ်သိန်းထောင်ချီရှိသည်။
‘‘သူတို့ကလည်း အစပိုင်းမှာ တော့ ငွေကို ပုံမှန်ထုတ်ပေးတယ်။ ကိုယ်စားလှယ်တွေ
ကို အပြော ကောင်းအောင်လည်း အရမ်းလေ့ ကျင့်ပေးထားတော့ ယုံမိသွား တာ။
ဒါမျိုးတွေကို လိမ်တတ်တယ်။ အပြင်မှာ ခဏခဏကြားဖူးနေပေမယ့် လုပ်မယ်
လို့တော့ မထင်ထားမိဘူး’’ဟု လွန်ခဲ့သော နှစ်ပတ်က ကျပ်သိန်း ၅၀ ရှယ်ယာ
ဝင်ထားသော ရှယ်ယာရှင် အမျိုး သမီးတစ်ဦးက ပြောသည်။
ငွေများ လိမ်လည်ခံရကြောင်း ကို ဇွန်လ ၉ ရက်တွင်မှ အဆိုပါ ကုမ္ပဏီ ကျန်ရှိနေ
သော မြန်မာဝန်ထမ်းများက ရှယ်ယာဝင်ထားသူ များအား ခေါ်ယူ အသိပေးခဲ့သည်
ဟု ရှယ်ယာရှင်များကပြောသည်။
လိမ်လည် ထွက်ပြေးသွားသည်ဟု ယူဆနိုင်ကြောင်း၊ သို့သော် နောက်တစ်ပတ်
ဗုဒ္ဓဟူးနေ့ အထိ စောင့်ခိုင်းထားပြီး ရှယ်ယာဝင်များကို အဆင်ပြေဆုံးဖြစ် အောင် လုပ်ပေးမည်ဖြစ်ကာ မကျေနပ်ပါက အရေးယူနိုင်ကြောင်း အဆိုပါ Global Group
ကုမ္ပဏီ မန်နေဂျာ မစ္စတာ စတီဖင်က ဇွန်လ ၁၂ ရက်တွင် ပြောကြောင်း ရှယ်ယာဝင် ထားသူများက 7DayDaily အား ပြောသည်။ မစ္စတာ စတီဖင်သို့ ဖုန်းဖြင့်ဆက်သွယ်
ခဲ့ သော်လည်း မရခဲ့ပေ။
ယခုအချိန်တွင် စတော့ အိတ်ချိန်းလုပ်ငန်းမှာ တရားမ၀င် မှန်းသိသော်လည်းတရားဝင်
ခွင့်ပြုရန် အလားအလာများနေ၍ထိုကဲ့သို့ ရှယ်ယာထည့်ခဲ့ရ ခြင်း ဖြစ်ကြောင်းငွေကျပ်
သိန်းငါး ဆယ်ခန့် ရှယ်ယာဝင်ထားခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
‘‘အတတ်နိုင်ဆုံး ကြိုးစားပြီး ပိုက်ဆံပြန်မရရင်တော့ ထောင်ထဲထည့်နိုင်အောင်
ကြိုးစားရမှာပဲ။ ခက်တာက ဘယ်လိုမှ စုံစမ်းလို့ မရတာ။ လက်ရှိကျန်ခဲ့တဲ့ ကုမ္ပဏီ
ဝန်ထမ်းတွေကတော့ နောက်တစ် ပတ်ဖြေရှင်းပေးမယ်ပြောတာကို စောင့်ကြည့်
ဦးမယ်’’ဟု ၎င်းက ဆိုသည်။အမှုဖွင့်အရေးယူထားခြင်း မရှိသော်လည်း ရှယ်ယာရှင်
အ များစုမှာ နောက်တစ်ပတ်အတွင်း တိကျ သော အဖြေမပေးနိုင်လျှင် ကုမ္ပဏီကို
တရားစွဲဆိုရန် စီစဉ် ထားသည်ဟု ဆိုသည်။သို့သော် အမှုဖွင့်ရန်မှာ လည်း အစိုးရ
က ခွင့်မပြုသော စတော့ကုမ္ပဏီတွင် ရှယ်ယာများ ၀ယ်မိထားခြင်းဖြစ်၍ အခက်
တွေ့နေကြသည်။
လက်ရှိတွင် ပြဿနာကို အတတ်နိုင်ဆုံးဖြေရှင်းနေပြီး ပြေ လည်သွားမည်ဟု ထင်၍
ကုမ္ပဏီတွင် ကျန်ရှိနေသော ၀န်ထမ်း အနည်းစုက ရှယ်ယာရှင်များအား ရှင်းပြမှု
များ ပြုလုပ်နေကြောင်း အဆိုပါကုမ္ပဏီမှ ၀န်ထမ်းတစ်ဦး ဖြစ်သူ မစ္စတာ ဒီက
ဆိုသည်။‘‘ကျွန်တော်တို့ ငွေအကျပ် အတည်းပြဿနာ ဖြစ်သွားတာ တစ်ခုပါပဲ။ ကုမ္ပဏီပိတ်တာမျိုး တွေ လုပ်မှာမဟုတ်ပါဘူး’’ဟု ၎င်းက 7DAY သို့ ပြောသည်။
ကုမ္ပဏီ ပိတ်သိမ်းမည် မဟုတ်ဟု ဆိုသော်လည်း စတော့ရှယ်ယာလုပ်ငန်းမှာ တရား
မ၀င် လုပ်ငန်းဖြစ်နေပြီး ကုမ္ပဏီမှာ လည်း နာမည်ကျဆင်းသော ကြောင့် ဆက်လက်
ရပ်တည်ရန် မလွယ်ကူကြောင်း ရှယ်ယာ ရှင်တစ်ဦးက ပြောသည်။
‘‘ကျွန်တော်ကတော့ လက်ရှိကျန်ခဲ့တဲ့ လူတွေကလည်း အကုန်ဝရုန်းသုန်းကားဖြစ်
ကုန်ကြမှာ စိုး လို့ ထိန်းပြောနေတာ ထင်တာပါ ပဲ။ ကျွန်တော်ကတော့ နောက်ဆုံး
လိမ်လည်မှုနဲ့ တရားစွဲမှာ’’ဟု ၎င်း က ပြောသည်။
ကုမ္ပဏီမှာ ၀န်ထမ်းဦးရေ ၅၀ ကျော်ရှိရာမှလက်ရှိတွင် ၀န်ထမ်းသုံးပုံတစ်ပုံခန့်သာ ရှိကြတော့သည်။လိမ်လည်ခံခဲ့ရသူများမှာလည်း အနည်းဆုံး ဦးရေ ၂၀၀ ကျော်
ရှိကြောင်း အစုရှယ်ယာရှင်များက ပြောသည်။ထို့အပြင် ဆာကူရာတာဝါ တွင် ငှားရမ်း
ထားသော အဆိုပါ ကုမ္ပဏီရုံးခန်းမှာလည်း ဇွန်လ ၂၄ ရက်အထိသာ ငှားရမ်းထား
ခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် စတော့ အိတ်ချိန်းနှင့် ပတ်သက်၍ မည် သည့်လုပ်ငန်းမဆို တရား
မ၀င် လုပ်ငန်းဖြစ်နေ၍ မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့်လည်း သတိ ထား
သင့်ကြောင်းဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်သိမ်းက 7 DayDaily သို့ ပြော
ကြားထားသည်။
7 Day

No comments:

Post a Comment