Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 25, 2015

မေသန်းနုရဲ့ အနုပညာ သက်တမ်း အနှစ် ၃ဝ ကျော် အတွင်းက ပေးဆပ်မှု၊ အောင်မြင် မှုတွေ အကြောင်း


မေသန်းနုက အနုပညာ လောက ထဲကို ၁၉၈၅ ခုနှစ် ကတည်း က စတင် ဝင်ရောက်လာ ခဲ့သူဖြစ်ပါ တယ်။ အခုဆို သူ့ရဲ့ အနုပညာ သက်တမ်းက အနှစ် ၃ဝ ကြာမြင့် လာခဲ့ပါ ပြီ။ ဒီအနှစ် ၃ဝ အတွင်းမှာ သူ့ရဲ့ အောင်မြင်မှု မှတ်တိုင်များ အဖြစ် အကယ်ဒမီဆုကြီး ၅ ဆုကို ပိုင်ဆိုင် ထားနိုင်ခဲ့သူ ပဲဖြစ်ပါတယ်။ ဆယ်စု နှစ် အတွင်းမှာ ကိုယ့်ရဲ့ မလျှော့ သော ဇွဲသတ္တိတွေကြောင့် ကိုယ် လျှောက်ချင်တဲ့ အနုပညာဘဝ လမ်း ကြောင်းမှာ အောင်မြင်စွာ လျှောက် နိုင်ခဲ့ပြီဖြစ်ကြောင်း ကိုတော့ မေသန်း နုက “မဆင့် က သင်္ကြန်မိုး ဇာတ်ကား ကနေ အနုပညာလောကထဲကို ဝင် တဲ့အခါ အခက်အခဲ သိပ်မရှိခဲ့ဘူး။ 

ကိုယ်ရဲ့ ကြိုးစား အားထုတ်မှုပဲ မဆင့် တို့မှာ အခက်အခဲ ရှိခဲ့တယ်။ ကိုယ့် ကို မြေတောင်မြှောက်ပေးမယ့် ကုမ္ပဏီ ရှိတဲ့အခါ ကျတော့ မဆင့်အတွက် အင်မတန် ကံကောင်းခဲ့ပါတယ်။ ဒီအလုပ် အတွက် အစစ အရာရာ ကူညီပေး မယ့် သူတွေက အဆင်သင့် ရှိနေခဲ့တော့သူများတွေ ဒီ လောကထဲဝင်တဲ့ အခါ တွေ့ကြုံရတဲ့ အခက်အခဲ၊ အတားအဆီးမျိုးတွေ နဲ့ မဆင့်မကြုံခဲ့ရဘူး။ အားလုံး အဆင် ပြေချောမွေ့စွာ လျှောက်လှမ်းလာ နိုင်ခဲ့တယ်။ ကိုယ်ကြိုးစားရင် ကြိုး စားသလောက် လုပ်ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေ ရှိခဲ့တယ်။ နှစ် ၃ဝ အတွင်းမှာ ကြိုးစားရင်း နဲ့ တိုးတက် လာခဲ့တာတွေ အများကြီး ရှိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြမိခဲ့ရတဲ့ နေ့တွေရှိခဲ့ဖူးပါတယ်။ တခြား ဆုတ်ယုတ် သွားတာတွေတော့ မရှိခဲ့ ပါဘူး။

 အဓိက ကတော့ ဒီအလုပ်ကို လုပ်ပြီဆိုရင် ကိုယ့်ရဲ့ ကြိုးစားမှု၊ စေတနာ၊ အချိန်တွေကိုတော့ ပေး ဆပ်ခဲ့ရတာပေါ့။ ဒါတွေအားလုံး ပေးဆပ် ရမှလည်း အောင်မြင်မှုကို ရရှိနိုင် မှာလေ။ ဒီအလုပ်က စိတ် ရောကိုယ်ပါနှစ်ပြီး လုပ်မှ။ ပြီးတော့ စိတ်ခံစားပြီး လုပ်ရတဲ့ အလုပ်ဖြစ် တယ်။ အဲဒီအတွက် ပေးဆပ်ရတာ တွေနဲ့ တန်အောင် ကိုယ်ကလည်း ကြိုးစားပြီး ဒီလမ်းကြောင်းမှာ အောင် မြင်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ ရတာပေါ့” လို့ ပြောပါတယ်။

မလျှော့သောဇွဲ၊ သတ္တိ တွေကြောင့် ဒီဘဝ၊ ဒီလမ်းကြောင်း ထဲမှာ အခုအချိန်ထိ အောင်မြင်စွာ ရပ်တည် လာနိုင်ခဲ့ပြီး အဲဒီအတွက် ကြောင့် ကြိုးစားရင် ဘာမဆိုဖြစ် လာ နိုင်တယ် ဆိုတဲ့ စကားကလည်း သက် သေပြနိုင်ခဲ့ပါပြီလို့ မေသန်းနု က ပြောပါတယ်။ အနုပညာကို ချစ်မြတ် နိုးတဲ့ အတွက် အသက်အရွယ် အရ ခေတ် နဲ့ အညီ ပြောင်းလဲမှုများကို ကြိုးစားပြီး လုပ်ကိုင် သွားမယ်လို့ ဆိုလာတဲ့ မေသန်းနုက..

“မဆင့်တို့ နာမည် ရတဲ့အချိန် က ရုပ်ရှင်လောက က ဖလင်ရှားပါး တဲ့ခေတ်ဖြစ်ခဲ့တယ်။ ဖလင် ရှားပါးမှု တွေနဲ့ ရင်ဆိုင်ရတယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာပဲ မဆင့်တို့ ရုပ်ရှင် ကို အောင်မြင်အောင် ကြိုးစားခဲ့ရတယ်။ အောင်လည်း အောင်မြင်ခဲ့တယ်။ တဖြည်းဖြည်း နဲ့ ဖလင်ခေတ် မဟုတ် တော့ဘဲ ဗီဒီယိုတွေ တအားအောင် မြင် လာ တဲ့ခေတ် ဖြစ်လာတယ်။ ဒီခေတ်မှာလည်း မဆင့် တို့အောင် မြင်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ အခုကျ တော့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ ဒီဗီဒီ၊ ကာရာအိုကေ စတဲ့ ရုပ်ရှင်လောက နဲ့ ပတ်သက်တဲ့ အနုပညာပြယုဂ် အမျိုး အစားတွေ အများကြီး ပေါ်ပေါက် လာတော့လည်း မဆင့်တို့ ပိုပြီးကြိုးစား လာရပြန်ရော။

 ခေတ် နဲ့အညီဖြစ် အောင်ပေါ့နော်။ ဒီခေတ် ကတော့ အနုပညာရှင်တွေ တအား အလုပ်များ ရဆုံးခေတ်ပါ။ အချိန်တွေကို မနည်း လုပြီး အနုပညာ အလုပ်တွေကို လုပ်နေရတဲ့ အချိန်ပါ။ မဆင့်တို့ အနုပညာလောက ကို စဝင်တုန်းက ရုပ်ရှင် တစ်ခုတည်းရှိ တဲ့အတွက် ရုပ်ရှင် အတွက်ပဲ အချိန်ပေးစဉ်း စားပြီး အနုပညာ အလုပ်ကို စိတ်အေးလက်အေး နဲ့ လုပ်ခဲ့ ရတယ်။ ဒီဘက် က တော့ အမျိုးအစားတွေ များတော့ ပင်ပန်းမှု တွေ များလာသလို ပြိုင် ဆိုင်မှုတွေကလည်း တအား များလာခဲ့ပြီ။ 

ဘာပဲပြောပြော ဒီလောကကို လျှောက် လှမ်း လာပြီ ဆိုရင်တော့ အောင်မြင်မှု ရှိသလို ကျဆုံးမှုလည်း ရှိမယ်။ အင်မ တန် ခက်ခဲလွန်းတဲ့ အရာတွေ နဲ့လည်း တွေ့ကြုံ ခံစားရမှာပဲ။ အဲဒီအတွက် စိတ်ဓာတ် မကျ ဘဲအောင်မြင်မှုရ အောင် ကြိုး စားနိုင်ကြပါစေ လို့အနုပ ညာကို ချစ်မြတ်နိုးကြ တဲ့ အနုပညာရှင် များကို ပြောချင်ပါတယ်” လို့ပြောပါ တယ်။

ဇင်မာနွယ် - Popular News Journal

No comments:

Post a Comment