Tattoo Art မဂ္ဂဇင်းက
ဘရာဇီးကြော်ငြာအေဂျင်စီ Lew’Lara TBWA နဲ့ ပူးပေါင်းပြီး
လူသားအရေပြားလိုပုံစံမျိုး ခံစားရစေမယ့် မှတ်စုစာအုပ် ဒါမှမဟုတ်
လေ့ကျင့်ခန်းစာအုပ်ကို ထူးထူးခြားခြား
ထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။
အရေပြားစာအုပ်လို့လည်း ဆိုနိုင်တဲ့ဒီစာအုပ်ရဲ့အားသာချက်တွေကတော့ တက်တူးထိုးပေးတဲ့ အနုပညာရှင် တွေဟာ လူသားအရေပြားလို ခံစားရစေမယ့် စာအုပ်ရဲ့မျက်နှာပြင်ပေါ်မှာ အကြမ်းသဘော
လေ့ကျင့်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စာအုပ်ပေါ်မှာ တက်တူးထိုးတဲ့နေရာမှာလည်း ဘောပင်၊ ခဲတံ တွေကို မသုံးဘဲ တကယ့်အပ်အစစ်နဲ့ လေ့ကျင့်နိုင်ပါတယ်။ ဒါ့အပြင် တက်တူးထိုးတဲ့
အနုပညာရှင်တွေဟာ အဲဒီစာအုပ်မှာပဲ အပ်အစစ်နဲ့ ကိုယ်ဖန်တီးလိုတဲ့ ဒီဇိုင်းတွေကိုလည်း ရေးဆွဲနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီစာအုပ်အကြောင်း ကြော်ငြာထားတဲ့ ဗီဒီယိုဖိုင်မှာလည်း စာအုပ်ကို
ဖန်တီးခဲ့သူတွေက နောင်တရစရာမလိုတဲ့ မှတ်စုစာအုပ်လို့ အမွှန်းတင်ရေးသားထားပါတယ်။ ဒီစာအုပ်ကြောင့် တက်တူးသမားတွေအနေနဲ့ ဘာကိုမှ နောက်ဆံတင်းစရာ မလိုတော့ပဲ ကိုယ်လိုချင်တာကို
ရဲရဲရင့်ရင့် ဂုဏ်ယူစွာ ဖန်တီးနိုင်မှာလည်း ဖြစ်ပါတယ်။
လောလောဆယ်မှာ စာအုပ်ကို ထုတ်ဝေလိုက်တဲ့ တက်တူးမဂ္ဂဇင်းနဲ့ အေဂျင်စီက စီးပွားဖြစ်ထုတ်ဝေဖို့ မရည်ရွယ်သေးပေမယ့် ဒါဟာ တက်တူးလောကကို တခေတ်ဆန်းစေမယ့် တီထွင်မှု
ဖြစ်လာနိုင်ပါတယ်။ အရင်တုန်းက တက်တူးထိုးရင် အမှားအယွင်းကင်းအောင် လေ့ကျင့်တဲ့အနေနဲ့ ၀က်တွေကို မေ့ဆေးပေးပြီး သူတို့အရေပြားမှာ တက်တူးထိုးတာမျိုးတွေရှိခဲ့ပေမယ့် သိပ်အဆင်မပြေ
ခဲ့ပါဘူး။
Ref - gizmodo
http://www.planet.com.mm/detail/27937/World

No comments:
Post a Comment