ကွာလာလမ်ပူ ၊ ၅-၆-၂၀၁၅
လူကုန်ကူးမှုနှင့် မှောင်ခိုကူးမှု လုပ်ငန်းများ ၌ ထိုင်း လုံခြုံရေးနှင့် ဥပဒေဆိုင်ရာ အရာရှိများ ၈ဝ ရာခိုင်နှုန်းခန့် ပါဝင်ပတ်သက် နေသည်ဟု ဒေသတွင်း သတင်းများ ထွက်ပေါ် လာခဲ့ပြီးနောက် အဆိုပါ မှောင်ခိုလုပ်ငန်း များအား ဟန့်တား ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် အတွက် မလေးရှား တပ်မတော်က ထိုင်းနိုင်ငံ နှင့် ထိစပ်နေသော နယ်စပ်ဒေသ တစ်လျှောက် တွင် စောင့်ကြည့် ထောက်လှမ်းမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
လူကုန်ကူးသည့် အဖွဲ့များသည် အဆိုပါ အရာရှိများအား လာဘ်ထိုးရန် လစဉ် အမေရိကန် ဒေါ်လာ ၁၉ဝဝဝ နီးပါး သုံးစွဲခဲ့ကြောင်း ဆယ်စုနှစ်များ အတွင်း လျှို့ဝှက် ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သော အမည် ဖော်ပြ မထားသည့် အထူးဌာနခွဲ တာဝန်ရှိသူ တစ်ဦးက ဒေသတွင်း သတင်းဌာန များနှင့် တွေ့ဆုံ မေးမြန်းခန်း တစ်ရပ်တွင် ပြောကြား ခဲ့သည်။
အဆိုပါ အရာရှိများတွင် လူဝင်မှု ကြီးကြပ်ရေး နှင့် ရေကြောင်း ထိန်းသိမ်းရေး ဆိုင်ရာ အဖွဲ့အစည်းများ အပြင် ရဲတပ်ဖွဲ့၏ မှောင်ခို ကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တို့ ပါဝင်လျက် ရှိပြီး အစိုးရ အနေဖြင့် ရှုပ်ထွေး ဆက်စပ်သော ကွန်ရက် တစ်ခုအဖြစ် ဖြစ်ပေါ်နေသည့် ၄င်း ကိစ္စရပ်များ အပေါ် ဟန့်တား တိုက်ဖျက်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
မလေးရှား စစ်ဘက် အနေဖြင့် နယ်စပ် စစ်ဆေးရေး ဂိတ်များ၌ လုံခြုံရေး ဆိုင်ရာ တိုးမြှင့် ဆောင်ရွက်ရာတွင် ကြီးမားသော အခန်းကဏ္ဍမှ စတင်ပါဝင် သွားမည် ဖြစ်ကြောင်း၊ အဆိုပါ လစ်ဟာမှု အားလုံးကို မကြာမီကျော်လွှား နိုင်မည်ဖြစ်ကြောင်း၊ ၄င်းကိစ္စရပ် များသည် ကိုင်တွယ် ဖြေရှင်းရန် လိုအပ်သည့် အရာများ ဖြစ်ကြောင်းနှင့် ငွေကြေး ပမာဏ များပြားသောကြောင့် အဆိုပါ ကိစ္စရပ်ကို စုံစမ်း စစ်ဆေးရန် စုံစမ်း စစ်ဆေးရေး အဖွဲ့အား ခွင့်ပြုပေး ထားကြောင်း မလေးရှား ကာကွယ်ရေး ဝန်ကြီး ဟီရှမ်မူဒင်ဟူစိန် က ပြောကြား ခဲ့ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment