CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 8, 2015
အတင်းပြောခြင်းဖြင့် အသက်ရှည်ကျန်းမာစေ
အခြားသူအကြောင်း အတင်းပြောပြီးကြတဲ့အခါ လူအတော်များများက ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ ခံစားတက်ကြပါတယ်။ ဒါပေမယ့် လေ့လာသူသိပ္ပံပညာရှင်တွေကတော့ အတင်းပြောခြင်းဟာ သင့်ရဲ့ ကျန်းမာရေးပိုကောင်းစေတဲ့ အသက်ရှည်နည်းတစ်မျိုးဖြစ်ကြောင်း ဖော်ထုတ်လိုက်ပါတယ်။
အပြန်အလှန်အတင်းပြောကြတဲ့ မိတ်ဆွေတွေကြားမှာ ဆက်ဆံရေးပိုခိုင်မြဲလာပြီး ရလာတဲ့သတင်းအချက်အလက်တွေကတဆင့် ဘယ်သူ့ကိုယုံကြည်သင့်တယ်၊ မယုံကြည်သင့်ဘူးဆိုတာ တွေကိုပါ သင့်ဦးနှောက်က အလိုအလျောက် ဆုံးဖြတ်နိုင်စွမ်းရှိသွားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အတင်းပြောခြင်းကိစ္စဟာ အသက်ရှည်ဖို့အတွက် အရေးအပါဆုံးအရာတွေထဲက တစ်ခုဖြစ်လို့ ကျန်းမာရေးအတွက် လုပ်သင့်တဲ့အရာလို့ အောက်စ်ဖို့ဒ်တက္ကသိုလ်က ပါမောက္ခ ရော်ဘင်ဒန်ဘာက ပြောပါတယ်။
ဒီလိုလူမှုဆက်ဆံရေးတွေက သင့်အတွက်နေ့စဉ်လိုအပ်တဲ့ပျော်ရွှင်မှုနဲ့ ကျန်းမာမှုကို ပေးစွမ်းနိုင်ပါတယ်။ အပေါင်းအသင်းတွေဆုံကြပြီး ဒီလိုအကြောင်းအရာတွေပြောဖို့ဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် အလွန်အရေးပါတဲ့ အရာတွေဖြစ်ပါတယ်။
Ref - dailymail
http://www.planet.com.mm/detail/27944/World
အတင်းပြောခြင်းဖြင့် အသက်ရှည်ကျန်းမာစေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment