Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

သတင်းထောက် မလေးလေးမွန်နှင့် ရင်ဘတ်စည်တီးခဲ့ရသောဦးခင်ညွန့် အင်တာဗျူး

ဦးခင်ညွန့်ဆိုတာ အေးနေဝင်းတို့လို ကလေးကွက်တွေ လုပ်ခဲ့သူမဟုတ်တဲ့အတွက် ချေးခြောက်ရေနှူး
တာတွေ အတိတ်က ကြွေတလှည့်ကြက်တခုန် ဖြစ်ရပ်တွေ အနာဂတ်ဟောပြောချက် မိန့်ကြားပေးဖို့ ၂၀၁၅ ဒေါ်စု သမ္မတ ဖြစ်မလားသွားမေးခဲ့တာမဟုတ်ပါ
လာမဲ့ ဇွန်၂၆ မူးယစ်တိုက်ဖျတ်ရေးနေ့ အတွက် သမိုင်းမြို့မကျောင်းနားက မရမ်းကုန်း ထ ၁ ကျောင်းမှာ
အကြိုလှုပ်ရှားမှု လုပ်တဲ့အတွက် ကိုယ်က မမူးဘူးတော့ မူးယစ်အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်တာ
တိုက်ဖျတ်ရေးဆိုတာ ဘာလဲသိချင်လို့သွားခဲ့ယုံပါ
အဲ့ဒီမှာပဲ အမျိုးသမီးတယောက်က လူပေါင်းရာချီရှေ့မှာ အဘ အဘားးးဆိုပြီး ကုန်းကန့်တော့နေပါတယ် အဲ့တာလည်းကိုယ့်ကိစ္စမဟုတ်သေးပါ
နောက် ဆရာမတယောက်က ဒူးထောက်ရက် သွားပြီး အဘာ အဘား ရင်ထိုးထိုးပေးချင်လို့ ပြောပြီး
ဒူးထောက်ရက်သွား ရင်ထိုးထိုး ဒူးထောက်ရက် နောက်ပြန်ဆုတ်ရင်း နတ်ပူးသလို လက်အုပ်ချီ
တဆတ်ဆတ်တုန်တော့တာပဲ
အဲ့တာလည်း ကိုယ့်သတင်းမဟုတ်ဘူး သူ့ဘာသာ မျိုးနဲ့ရိုးနဲ့ ဘောမတာ ငါမရှုစိမ့်စရာမရှိ နှလုံးသွင်းရင်း ပညာရှင် မူးယစ်တ်ုက်ဖျတ်အရာရှိ မူးယစ်လူငယ်တွေ ကိုပြန်လည်ထူထောင်ပေးနေတဲ့ အဖွဲ့တွေ
 ဟောပြောတာနားထောင်လိုက်ပါတယ်
အဲ့ဒီမှာမှ ကိုယ့်သတင်းက စတော့တာပဲ
ထောက်လှန်းရေး အကြီးအကဲဟောင်းကြီးက ပြောပါတယ် စစ်အစိုးရလက်ထက်တုန်းက မူးယစ်တိုက်ဖျတ်မှုတွေ အသကုန် လုပ်ဆောင်ခဲ့တာတွေ ပြောပြဖော်ထုတ်ပါတယ် အခုလက်ထက်မှာ မူးယစ်တိုက်
ဖျတ်ရေးလုပ်ဆောင်မှုအားနည်းတယ်ဆိုတော့ ဒါကိုယ်မေးရမဲ့ အကြောင်းလို့ မှတ်လိုက်တာပေါ့
သူက စင်ပေါ်မှာ Public ကိုပြောနေတာလေ ကိုယ်က အဘားဆိုပီး မိုက် မထိုးသေးပါဘူး
သူလည်းစင်ပေါ်ကဆင်း နောက်ပိုင်းဟောပြောတာတွေပြီးတော့မှ သမီးဘယ်သူပါ အန်ကယ်
အန်ကယ်ပြောတဲ့ မူးယစ်တိုက်ဖျတ်ရေး လက်ရှိအားနည်းချက်အပေါ် ၁မိနစ်လောက်မေးချင်ပါတယ်
(သူဖြေချင်လာအောင် လေးလေးစားစားနဲ့ပဲ ဖြည့်ပြောလိုက်တာက) အန်ကယ်တို့လက်ထက်နဲ့အတူ ထိုင်းက ချွန်လိပိုင် သက်ဆင် ခေတ်တွေမှာ သက်ဆင်နဲ့ အတူ အန်ကယ် ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ
သိထားလို့ အဲ့ဒီတုန်းက အားသာချက်နဲ့ လက်ရှိအားနည်းချက်အပေါ် ဖြေပေးဖို့ပါ ၁မိနစ်လောက်ဖြေပေးပါလို့ ပြောတော့
ဟာာ ဘဘ ဖြေပေးမှာပေါ့ကွ သိပ်ကောင်းတာပေါ့တဲ့
အဲ့ဒီ့မှာ အော်စကေပဲမို့ စမေးလိုက်တာပါ
သူဖြေရင်းမှာ လက်ရှိအားနည်းချက်တွေက ပညာပေးပိုင်းအားနည်းနေတာ နိုင်ငံတကာပိုင်း ပူးပေါင်းတာ အာနည်းတာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေထဲ မစည်းရုံးနိုင်ဘူးဆိုတာတွေ ဖြေပါတယ်
ဒီတော့ ဒီအဖြေက တိုက်ဖျတ်ရေးမဟုတ်ဘဲ educated လုပ်တဲ့ ပညာပေးပိုင်းဖြစ်တဲ့အတွက် ဒါဆို ပြည်ထဲရေးပိုင်းက အားနည်းချက်က ဘာများဖြစ်မလဲမေးတော့ အဘားက စတုတ်တော့တာပဲ အတုတ်ခံရင်း
မေးလက်စနဲ့ပဲ ထောက်လှန်းရေးလက်ထက်မှာ မူးယစ်တိုက်ဖျတ်ရေးတကယ်လုပ်နေချိန်မှာ ထောက်
လှန်းရေးအကြီးပိုင်းတွေရဲ့ လက်ထဲက ဘိန်းတွေထွက်ခဲ့တာတွေ ရှိတယ်လို့ စွပ်စွဲချက်တွေရှိခဲ့တဲ့အပေါ်
အန်ကယ်ဖြေဆိုပေးပါလည်းဆိုရော လက်ညှိုးငေါက်ငေါက်ထိုး ထပ်တုတ်ပါလေရော(ဒီမေးခွန်းက
အကြောင်းမဲ့မဟုတ်ပါဘူး သူ့ရဲ့ထောက်လှန်းရေးဟောင်း ဗိုလ်မှူးကြီး ညီမ၂ယောက်ဆီကရယ်
 ထောင်ကျသွားခဲ့ တဲ့ ရင်းနှီးခဲ့တဲ့ ထောက်ပြုတ်တွေရဲ့ ပြောပြချက်အရ လူငယ်တွေကို စနစ်တကျဖျတ်ဆီးခဲ့တဲ့အထဲမှာ မူးယစ်ဆေးတွေပါခဲ့တယ်လို့ ဟာသနှောပြောပြချက်တွေကြောင့်ပါ)
အဲ့တာနဲ့ ဆက်အတုတ်ခံမေးတာ အဘား (စိတ်ပြေပါစေဆိုပြီး က) သူပြောတဲ့ မိုင်းလား က်ုးကန့် ဝ
 ဒေသတွေမှာ သူလုပ်ခဲ့လို့ မူးယစ်ပြတိုက်ကြီးပေါ်ပေါက်လာတယ်ပြောလို့
အန်ကယ်လို့ အန်ကယ်တို့လို အခုချိန်မှာ မူးယစ်ပြတိုက်မပေါ်ပေါက်လို့ တိုက်ဖျတ်ရေး မအောင်မြင်ဘူးဆိုတာလားလို့ မေးတော့ ဒေါသထွက်ပီး တုတ်ပြန်ရော
အဲ့တာနဲ့ စစ်ကြောရေးလုံလောက်ပီလို့ (အဲ့ဟုတ်ပေါင်) အဘား ပင်ပန်းပါတယ်လို့ အင်တာဗျူး
လုံလောက်ပီ လို့ စဉ်းစားပြီး အနာဂတ်လူငယ်တွေအတွက် မူးယစ်တိုက်ဖျတ်ရေးလုပ်ဆောင်မှုအပေါ်
 နောက်ဆုံးသုံးသပ်ချက်လေး ဘာများပြောချင်ဘာသလဲ ဆိုတော့
အခု အွန်လိုင်းမှာ ပြန့်နေတဲ့ ဗွီဒီယိုဖိုင်ထဲက အဖြေကိုပေးသွားခဲ့တာပါ မေးခွန်းကို မဖြေသွားခဲ့ပါဘူး
အဘားရဲ့ မီဒီယာတွေကို သတိပေးချက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်
ကဲ့ ဘော်ဘော်တို့ ဖုန်းmessage တွေကို ဖြေလိုက်တာပါ
လေးလေးမွန်က ချေးခြောက်ရေနှူးတဲ့ အတိတ်က နစ်နာချက်တွေ သွားမေးခဲ့တာမဟုတ် လူကြီးသူမကို
 ကြွေတလှည့်ကြက်တခုန်တွေ ကံ ကံ၏အကျိုးတွေ Buffalo တီးတောင် တီးတောင် သွားလုပ်တာမဟုတ်ပါ
စစ်အစိုးရ နောက်မြီးဆွဲတွေက ကျားသေကို အသက်သွင်းလို့ ကျားမြီးဆွဲကြည့်လိုက်တာပါ ကျားက
ဘယ်တော့မှ ဥပုသ်မစောင့်တတ်တာရယ် သားကောင်နံ့ရရင် သွေးဆာတတ်တာရယ်ဆိုတာ သိစေချင်ယုံပါ
လေးလေးမွန်က ကိုယ်ကန်မယ်လို့ ဆုံးဖြတ်ထားတဲ့ကွင်းဆို အိမ်ကွင်း အဝေးကွင်း ဘယ်ကွင်းမှမရွေးပါ
အရှုံး အနိုင်ကို စိတ်စေတနာနဲ့ ဆုံးဖြတ်မယ်
ငယ်ငယ်ကတော့ မှားရင်မှောက်အိပ်လိုက်တယ်
ကြီးလာတော့ Win-Win ကိုရွေးတယ်
မထင်မှတ်တဲ့ အမှားလို့ယူဆရတာတွေကိုတော့ သင်ခန်းစာ ယူ ပြုပြင်တယ်
သျှောင်ကြီးလို့ ငိုက်ပြီး ကြီးမိုက်ကြီးတွေကိုတော့
လေးစားမှု နဲ့ ရို့ကျိုးမှု
ဂါရဝ နဲ့ ဘောမ တာ ခွဲပြီး စိတ်ထား အတိုင်း တုန့်ပြန့်တတ်တယ် အတွေ့အကြုံတွေကြောင့် ကိုယ့်တာ
ကိုယ်လုံအောင် ကြိုးစားတယ် ကျတော် ဘယ်တော့မှ မကောက်ကျစ်ဘူး
I Do The Best
လေးလေးမွန်
23.6.2015
https://www.facebook.com/laylay.mon.7/posts/709473362507992

No comments:

Post a Comment