Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 13, 2015

အိန္ဒိယက ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်ရလဒ်ကို အနီးကပ်စောင့်ကြည့်နေပြီး မြန်မာနှင့်ဆက်ဆံရေးတိုးမြှင့်ဖွယ်ရှိ


Sunday, June 14, 2015
အိန္ဒိယသည် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် မြန်မာအ တိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်၏ ပထမဆုံး သမိုင်းဝင်တရုတ်ခရီးစဉ်ကို အနီး ကပ်စောင့်ကြည့်နေသည်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်အစိုးရနှင့် ပိုရင်းနှီးသော အပြန်အလှန်သင့်မြတ်နားလည်မှု ထူထောင်လိုက်လျှင် နယ်စပ်ပြ ဿနာများနှင့်ပတ်သက်ပြီး တရုတ်-မြန်မာဆက်ဆံရေးလေစိမ်း တိုက်နေသည့်အခြေအနေမျိုး၌ အိန္ဒိယအနေဖြင့် မြန်မာနှင့်မိတ် ဖက်ဆက်ဆံရေးကို အားကောင်း အောင်ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများကသုံးသပ်နေ ကြသည်။
တရုတ်သည် ဒေါ်အောင် ဆန်းစုကြည်ကို အိမ်ရှင်အဖြစ် ဧည့်ခံရုံမျှမက သမ္မတစီကျင်းပင် အနေဖြင့်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံရန် သံခင်းတမန်ခင်းကျင့်ဝတ်ကိုပင် ဖောက်ဖျက်ခဲ့ ကြောင်း ဘေဂျင်းမှလာသောအစီ ရင်ခံစာများကဖော်ပြခဲ့သည်။မြန် မာစစ်အာဏာရှင်အုပ်ချုပ်သူများ က ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခဲ့ခြင်းကိုပင် တရုတ်က အစောပိုင်းကာလ များတွင် အကာအကွယ်ပေးထား ခဲ့ဖူးပြီး ယခုဖြစ်ရပ်ကတရုတ်၏ ရပ်တည်ချက် ဂငယ်ကွေ့ကွေ့ လိုက်ကြောင်းအမှတ်အသားဖြစ် ပေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်သည် အိန္ဒိယအမျိုး သားလုံခြုံရေးအကြံပေးအာဂျစ် ကေဒိုဗယ်၏ မြန်မာနိုင်ငံခရီးစဉ် မတိုင်မီ ရက်ပိုင်းအတွင်းဖြစ်ပေါ်လာခြင်းဖြစ်သည်။ အာဂျစ်၏ ခရီးစဉ်သည်အိန္ဒိယ-မြန်မာနယ်စပ်ရှိ
သူပုန်များကို ချေမှုန်းရေးနောက်ထပ်စစ်ဆင်ရေးများ အပါအ၀င်လုံခြုံရေးမိတ်ဖက်မှုနှင့် သတင်းအချက်အလက်မျှဝေမှုတို့က ထိပ်တန်းအစီအစဉ်ဖြစ်သည်ဟု အရာရှိများကဆိုသည်။
အိန္ဒိယသည် သောင်းကျန်း သူများကို ချေမှုန်းရန် မြန်မာ၏ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုကို လိုအပ်နေသည်။
အိန္ဒိယအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့်ဆက်ဆံရေးကို ဖြတ်တောက်ရန် အစီအစဉ်မရှိဘဲ နေပြည်တော်ရှိ လက်ရှိအုပ်ချုပ်ရေးအဖွဲ့နှင့် နောက်ထပ်ဆက်ဆံရေးတိုးမြှင့်ရန်ကြိုးပမ်းနိုင်သည်။
အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်၏ အထင်ကရ တ ရုတ်ခရီးစဉ်နှင့် ပတ်သက်၍ အ သိအမှတ်ပြုထည့်သွင်းစဉ်းစားမှု ပြုလိမ့်မည်ဟုအရာရှိများကပြော သည်။
အိန္ဒိယအရှေ့မြောက်ပိုင်း တစ်လျှောက်နယ်စပ်ဒေသတည် ငြိမ်ရေး၊အရှေ့တောင်အာရှသို့ အိန္ဒိယ၏ ထွက်ပေါက်ဝင်ပေါက် အဖြစ် မြန်မာရှိရေးဆိုသည့်အမြင် နှင့် ၁၉၉၀ပြည့် နှစ်များအလယ်ပိုင်းကတည်းက မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုစတင်ခဲ့သည့်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၏ ဆက်ဆံရေးမှာ အေးတိအေးစက်ဖြစ်ခဲ့ဖူးသည်။
7 Day Daily

No comments:

Post a Comment