Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 13, 2015

ဂျပန်က မြန်မာအမျိုးသမီးသူနာပြု အများအပြား ခေါ်ယူဖွယ်ရှိ

Byမိုးမင်း

ဂျပန်နိုင်ငံတွင် အလုပ် လုပ်ရန် မြန်မာအပါအ၀င် အာရှ နိုင်ငံများမှ အမျိုးသမီးသူနာပြုအ ကူဦးရေ သိန်းချီခေါ်ယူရေးအ တွက် ဇူလိုင်အတွင်း ဂျပန်နိုင်ငံ လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ် ရန်ရှိကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံတွင် အမျိုးသမီး သူနာပြုအကူလုပ်သားလိုအပ် ချက်မှာ မြင့်မားလျက်ရှိပြီး လွှတ် တော်မှ အတည်ပြုပြီးပါက အ မြန်ဆုံး ခေါ်ယူမည်ဟုဆိုကာ မြန်မာနိုင်ငံသို့ ဆက်သွယ်ကမ်း လှမ်းမှုများပြုလုပ်ထားကြောင်း မြန်မာပြည် ပြည်ပအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ် ဘဏ္ဍာရေးတာ ၀န်ခံ ဦးပီတာညွန့်မောင်ကပြော သည်။ ‘‘သူတို့ဆီမှာ တကယ်လည်း လိုအပ်ချက်ရှိနေတော့ လွှတ် တော်အတည်ပြုဖို့ ကျိန်းသေသ လောက်ဖြစ်နေပြီလို့သိရတယ်။ အလုပ်ရှင်တချို့ကလည်း ကျွန် တော်တို့ဆီလာပြီး ကြိုတင်ကမ်း လှမ်းမှုတွေ လုပ်ထားကြပါတယ်’’ ဟု ၎င်းကပြောသည်။
ဂျပန်နိုင်ငံတွင် လူအိုရုံများ၌ ခန့်အပ်ရန် သူနာပြုအကူ လုပ်သားဦးရေ သုံးသိန်းခန့် လိုအပ်နေကြောင်းသိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကလည်း ဈေးကွက် နေရာရရှိရန် ကြိုတင်ချိတ်ဆက်မှုများပြုလုပ်နေကြကြောင်း သတင်းရရှိသည်။
‘‘သူနာပြုခေါ်ယူမှုစလာခဲ့ ရင်လည်း မြန်မာအလုပ်သမား တွေအတွက် အခွင့်အလမ်းပိုရ လာမှာပါ။ တချို့အေးဂျင့်တွေက တော့ အခုကတည်းက သူနာပြု သင်တန်းတွေ ဖွင့်လှစ်ပြီး လုပ် သားစုဆောင်းမှုတွေတောင်လုပ် နေပြီ’’ဟု စွမ်းမြန်မာပြည်ပအလုပ် အကိုင်ရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဂျပန်နိုင်ငံတွင် အမျိုးသမီး သူနာပြုအဖြစ်လုပ်ကိုင်ရန် သူနာ ပြုသင်တန်း Level-4 အောင်မြင် ရန်လိုအပ်ပြီး လုပ်ကိုင်ခွင့်ရပါက တစ်လလျှင် လစာ အနည်းဆုံး ဒေါ်လာ ၁,၂၀၀ ခန့်ရရှိမည်ဟု သိရသည်။
‘‘တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဂျပန်က မြန်မာအလုပ်သမားတွေ ရဲ့ အလုပ်ကြိုးစားလုပ်တာကို ပို သဘောကျကြတယ်။ အရင်က တရုတ် အလုပ်သမားအများဆုံး သူတို့ဆီကခေါ်ပေမယ့် တရုတ်နဲ့ ဆက်ဆံရေးအဆင် မပြေတော့တဲ့နောက်ပိုင်း မြန်မာအပါအ၀င် အရှေ့တောင်အာရှဒေသက အလုပ်သမားတွေကို ပိုဦးစားပေးခေါ်လာတယ်။ ဒါကြောင့် ဒီလုပ်ငန်းအမျိုးအစားမှာလည်း မြန်မာတွေကို ပိုပြီးအရေအတွက်တိုးမြှင့်ခေါ်ယူမယ်လို့တော့ မျှော်လင့်ရတယ်’’ဟု ဂျပန်နိုင်ငံသို့လုပ်သားတင်ပို့မှု ၀န်ဆောင်မှုပေးနေသော ဟာမိုနီအကျိုးဆောင်လုပ်ငန်းဖွင့်လှစ်ထားသူ ဦးပီတာညွန့်မောင်က ပြောသည်။
ဂျပန်က ယခုအခါ မြန်မာနိုင်ငံမှ ဆောက်လုပ်ရေး လုပ်သားများ အရေအတွက်တိုးမြှင့်ခေါ်ယူမှုများ ပြုလုပ်နေသည်။
ထို့အပြင်  အမျိုးသမီးများအတွက် အထည်ချုပ်နှင့်ပန်းအလှပြင်ကဲ့သို့သော လုပ်ငန်းခွင်လုပ်သားများကို ပိုမိုခေါ်ယူမှုများပြုလုပ်နေသည်ဟု ဆိုသည်။
မြန်မာလုပ်သား၏ အလုပ် ကြိုးစားမှုကို ဂျပန်အလုပ်ရှင်များ က သဘောကျသော်လည်း လုပ် ငန်းခွင်သို့ ရောက်ရှိစဉ် အခြား အလုပ်အကိုင်သို့ပြောင်းရွှေ့ခြင်း နှင့် ဒုက္ခသည်အဖြစ် ခံယူခြင်းအပေါ်တွင်မူ ဂျပန်လုပ်ငန်းရှင်များက သဘောမကြကြောင်း သတင်းရရှိ
သည်။

No comments:

Post a Comment