Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 27, 2015

ကျောင်းသားများကို နယူးယောက်တွင် မျက်မှန်အခမဲ့ပေးမည်




နယူးယောက်မြို့ရှိ အညံ့ဖျင်းဆုံး လူထုကျောင်းများမှ ကျောင်းသား ၆၅,၀၀၀ ကျော်သည် အမြင်အာရုံ စစ်ဆေးခံရမည် ဖြစ်ပြီး လိုအပ်ပါက အခမဲ့ မျက်မှန်တစ်လက် ရရှိမည်ဟု မြို့တော်ဝန် ဘီလ် ဒီဘလာဆီယိုက ဇွန်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကြေညာပါသည်။

ဆယ်ကျော်သက် ကျောင်းသားလူငယ်တစ်ဦး မျက်စိအမြင်အာရုံ စမ်းသပ်စစ်ဆေးမှု ခံယူနေပုံ ဖြစ်ပါသည်။ဆယ်ကျော်သက် ကျောင်းသားလူငယ်တစ်ဦး မျက်စိအမြင်အာရုံ စမ်းသပ်စစ်ဆေးမှု ခံယူနေပုံ ဖြစ်ပါသည်။အမေရိကန် ပြည်ထောင်စုတွင် အများအားဖြင့် မူလတန်းကျောင်းသားများကိုသာ မျက်စိစစ်ဆေးပေးပါသည်။ ထပ်မံတိုးချဲ့သော အစီအစဉ်သစ်အရ၊ နယူးယောက်မြို့၏ အောင်မြင်မှုအနည်းဆုံး လူထုကျောင်း ၁၃၀ စလုံးမှ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများလည်း အကျုံးဝင်စေမည်ဟု နယူးယောက်မြို့တော်ဝန်က ပြောကြားသည်။

ဝင်ငွေနည်းသော မိသားစုများမှ ကျောင်းသူကျောင်းသားများ ပညာရေး ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းမှုအဖြစ် ကျောင်းများသည် ပညာရေးညွှန်ကြားမှုရော၊ လူမှုရေး ကူညီဆောင်ရွက်မှုပါ နှစ်မျိုးစလုံး ပေးအပ်မည် ဖြစ်၏။

“လေ့လာသင်ယူဖို့ အဆင်သင့် ဖြစ်နေပေမယ့်လည်း အမြင်အာရုံကြောင့် နောက်ကျကျန်နေခဲ့တဲ့ ကျောင်းသားတွေအတွက် အနာဂတ်ဟာ တောက်ပကြည်လင်နေပါပြီ” ဟု မြို့ဝန် ဒီဘလာဆီယိုက ပြောကြားသည်။

မျက်စိမှုန်ခြင်းသည် ကလေးသူငယ်များအတွက် အဖြစ်များသော မစွမ်းမသန် အခြေအနေ ဖြစ်ပေါ်စေသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (USCDCP) မှ တွေ့ရှိထားသည်။

နယူးယောက်မြို့တော်သည် လာမည့် လေးနှစ်အတွက် ကျောင်းသားများ မျက်စိအမြင် စမ်းသပ်ရေး အစီအစဉ်သစ်ကို ဒေါ်လာ ၁၀ သန်း ဘတ်ဂျက်လျာထား သတ်မှတ်ပါသည်။ ကျောင်းသား ၆၅,၀၀၀ ကို မျက်စိအမြင် စမ်းသပ်စစ်ဆေးပြီးနောက် လေးနှစ်အတွင်း ကျောင်းသား ၂၀,၀၀၀ ကို ၎င်းတို့၏ ပထမဆုံး မျက်မှန်တစ်လက် အခမဲ့ လုပ်ပေးမည် ဖြစ်၏။

http://kabarthit.com/index.php?option=com_content&view=article&id=685:2015-06-25-22-04-58&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment