Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 4, 2015

အိမ်ရှင် အသင်းကို အနိုင်ယူပြီး နောက်တစ်ဆင့်အတွက် အခြေအနေ ကောင်းသွားတဲ့ မြန်မာ ယူ၂၃


စင်ကာပူဆီးဂီမ်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် နေတဲ့မြန်မာယူ၂၃ အသင်းဟာ အုပ်စု ဒုတိယပွဲစဉ်မှာ စင်ကာပူယူ၂၃ အသင်းကိုအနိုင် ရရှိကာနောက်တစ်ဆင့် တက်ရောက်ဖို့ အခြေအ နေကောင်း သွားပါသည်။

နှစ်သင်းစလုံး အရေးကြီးတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ကစားသမား အစုံအလင် ထုတ်ကစားခဲ့ပြီး မြန်မာယူ၂၃အသင်းဟာ ပထမပွဲစဉ်က ကစားသမား တစ်ချို့ ကိုအပြောင်း အလဲပြုလုပ်ခဲ့ပါသည်။ဒဏ်ရာရ ကစားသမား တစ်ဦးဖြစ်တဲ့ဟိန်းသီဟဇော်နေရာမှာကျော် ဇင်းလင်းက ၀င်ရောက် ကစားခဲ့သလို ပထမပွဲစဉ်မှာ မပါဝင်ခဲ့တဲ့ ဇွန်မိုးအောင်ပြန်လည်ပါ ၀င်လာခဲ့ပါသည်။

ပွဲစကတည်းကနှစ်သင်းစလုံး တိုက်စစ်အားပြု ကစားခဲ့ကြပြီး အဖွင့်ဂိုး စတင်ရရှိသွားတာကတော့မြန်မာယူ၂၃အသင်းဖြစ်ပြီးဇွန်မိုးအောင်ရဲ့ပြစ်ဒဏ်ဘောပေးပို့ မှုက တဆင့်ပွဲ က စားချိန်မိနစ်၂၃မိနစ်မှအသင်း ခေါင်း ဆောင်နေလင်းထွန်းက သွင်းယူပေးခဲ့ ပါသည်။

ဂိုးရရှိသွားပေမယ့်မြန်မာယူ၂၃အ သင်း ထပ်မံ တိုက်စစ်ဆင်ကစား ခဲ့ပေမယ့်ချေပဂိုးပြန် လည်ရရှိသွားခဲ့တာ စင်ကာပူယူ၂၃အသင်းဖြစ်ပြီးပယ်နယ်တီမှပြန်လည်ရရှိသွားခဲ့ပါ သည်။

ပထမပိုင်းမှတော့တစ်ဂိုးစီသရေဖြင့်ပြီးဆုံးခဲ့ပြီးဒုတိယပိုင်းမှာတော့နှစ်သင်းစလုံးကွင်း လယ်မှာသာအားပြုကစားခဲ့ကြပါသည်။ဒုတိယပိုင်းမှာတော့မြန်မာယူ၂၃အသင်းအနိုင် ဂိုးထပ်မံရရှိဖို့ ဖိကစားလာခဲ့ပေမယ့်ကွင်းလယ်မှာသာဘောလုံးအပျက်များနေတာ ကြောင့်ဂိုးရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။

ပွဲကစားချိန်မိနစ်၆၀မှာတော့မြန်မာယူ၂၃အသင်းအ နိုင်ဂိုးရရှိသွားခဲ့ပါတယ်။သည်ဂိုးကိုတော့ ကွင်းလယ်ကစားသမားရဲကိုဦးကပြစ်ဒဏ်ဘောမှတဆင့်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါသည်။
နောက်ပိုင်းမှာတော့မြန်မာယူ၂၃အသင်းဟာအနိုင်ဂိုးကိုထိန်းချုပ်ကစားသွားခဲ့ပြီးရမှတ် ခြောက်မှတ်ရရှိကာအုပ်စုမှတက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါသည်

soccermyanmar

No comments:

Post a Comment