Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

ထိုင်းတွင် မြန်မာမိန်းကလေး အဓမ္မပြုကျင့်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန် ရန်ကုန်တွင် ဆန္ဒပြ


ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ အဓမ္မပြုကျင့်ခံရတဲ့ မြန်မာမိန်းကလေးတဦးရဲ့အမှုကို အမှုမှန် ပေါ်ပေါက်စေဖို့အတွက် မကွေးဆရာတော်ဦးပါမောက္ခဦးဆောင်ပြီး ရဟန်းပြည်သူ ၁၀၀ ခန့်က ရန်ကုန်မြို့က ဗိုလ်စိန်မှန်ကွင်းမှာ ဇွန်လ ၁၆ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလူမျိုးတွေ လုံခြုံမှုအပြည့်အ၀ ရှိစေဖို့နဲ့ အခုလို တိုင်းရင်းသူလေးအပေါ် အဓမ္မပြုကျင့်ခဲ့တဲ့ ထိုင်းနိုင်ငံသား ၆ ဦးလုံး အမှုကို အမှုမှန်မပေါ်မခြင်းဆက်လက်ဆန္ဒဖော်ထုတ်သွားဦးမှာလို့ ဒီဆန္ဒပြပွဲကို ဦးဆောင်သူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံက ထိုင်းကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမလေးတဦးကို ဇွန်လ ၃ရက်နေ့က ထိုင်းလူမျိုး ၆ ယောက်က ကားပေါ်အဓမ္မ တင်ဆောင်ပြီး မဖွယ်မရာ ပြုကျင့်ခဲ့ကြတာပါ။
မြန်မာအမျိုးသမီးတဦးကို အဓမ္မပြုကျင့်တဲ့ ထိုင်းနိုင်ငံသား ၆ ဦးထဲက ၂ ဦးကို ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြဖို့ အမျိုးသားရေး လှုပ်ရှားသူတွေဟာ သက်ဆိုင်ရာနယ်မြေအာဏာပိုင်တွေဆီကို ခွင့်ပြုမိန့် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေက ဗဟန်းမြို့နယ်က ဗိုလ်စိန်မှန်ကွင်းမှာဘဲ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်

No comments:

Post a Comment