Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 3, 2015

တရားမ၀င် လူမှောင်ခိုကူးမှုအတွင်း ပါဝင်ခဲ့သည့် ထိုင်းထိပ်တန်း အရာရှိတစ်ဦးကို ထိုင်းအစိုးရက ဖမ်းဆီးရန် အမိန့်ထုတ်ပြန်



A Thai court has issued an arrest warrant for a high-ranking army officer over human trafficking, making him the first military figure to be implicated in the trafficking case.

ဗန်ကောက် ၊ ၃-၆-၂၀၁၅

ရွှေ့ပြောင်း သူများအား တရားမဝင် မှောင်ခိုကူးမှု အတွင်း ပါဝင်ခဲ့သည့် ထိုင်းထိပ်တန်း အရာရှိ တစ်ဦးကို ထိုင်းအစိုးရက ဖမ်းဆီးရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၂ ရက်တွင် ပြောကြား လိုက်သည်။

လှေစီး ရွှေ့ပြောင်းသူ များသည် လွန်ခဲ့သည့် သီတင်းပတ်များ အတွင်း၌ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများ အတွက် ဒေသတွင်း အရေးကိစ္စ တစ်ရပ်အဖြစ် ထွက်ပေါ် ခဲ့သော်လည်း ထိုင်းအာဏာပိုင် များမှာ ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ မမြင်ဟန်ဆောင် နေကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များက စွပ်စွဲထားသည်။

သို့ရာတွင် အဆိုပါ တရားမဝင် လူကုန်ကူးမှုတွင် ထိုင်းစစ်ဘက်မှ အရာရှိကြီး တစ်ဦး ပါဝင်လျက် ရှိကြောင်းကို အထောက်အထား ခိုင်ခိုင်မာမာ ရရှိထားကြောင်း ယင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲ ဆွန်ယွက် ပွန်ပန်မောင် က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ထိုင်းအစိုးရ ၏ ဖမ်းဆီးမိန့် ထုတ်ပြန်ခြင်း ခံရသူမှာ စစ်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မာနက်စ်ကွန်ပန် ဆိုသူဖြစ်သည်။ သို့ရာတွင် အာဏာပိုင် များသည် ၄င်းကို လွှဲပြောင်း ပေးရန်အတွက် စစ်ဘက်ကို တောင်းဆို ထားခြင်း မရှိသေးကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ သည် တရားမဝင် လူကုန်ကူး မှုဖြင့် လူပေါင်း ၅၁ ဦးကို ဖမ်းဆီးထားပြီး ၄င်းတို့အနက် နိုင်ငံ အတွင်းရှိ အဆင့်မြင့် အရာရှိကြီးများ ပါဝင်ကြောင်းနှင့် အခြား အရာရှိ ၃၃ ဦးကိုလည်း ဖမ်းဆီးမိန့် ထုတ်ပြန် ထားကြောင်း သိရသည်။

Senior Thai army officer wanted in migrant trafficking probe

#PyiChitThar

No comments:

Post a Comment