Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

နှစ်ဦးပေါင်း အသက် ၁၉၄ နှစ်ရှိ အဘိုးအို နှင့် အဘွားအို ကမ္ဘာ့အသက်အကြီးဆုံး ဇနီးမောင်နှံအဖြစ် စံချိန်တင်နိုင်ခဲ့



ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ၁၆-၆-၂၀၁၅

ဗြိတိန်နိုင်ငံမှ အသက် ၁ဝ၃ နှစ်ရှိ အဘိုးအိုနှင့် အသက် ၉၁ နှစ်ရှိ အဘွားအို တို့သည် တရားဝင် ထိမ်းမြား လက်ထပ် ပြီးနောက် ၄င်းတို့ နှစ်ဦးမှာ ကမ္ဘာ့ အသက်အကြီးဆုံး ဇနီးမောင်နှံ အဖြစ် စံချိန်သစ်တင် နိုင်ခဲ့ကြောင်း ANI သတင်းဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ဂျော့ကာဘီ နှင့် ရင်းလပ်ကီး အမည်ရှိ ဇနီးမောင်နှံ နှစ်ဦးသည် ၂၇ နှစ်တိုင် အတူနေထိုင် ခဲ့ပြီးနောက် အိစ်ဘွန်းမြို့ ပင်လယ်ကမ်းခြေ အနီးရှိ ဟိုတယ် တစ်ခု၌ ဇွန် ၁၃ ရက်က မင်္ဂလာပွဲ ကျင်းပ ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ မင်္ဂလာပွဲ အခမ်းအနားကို ရင်းနှီးသည့် မိတ်ဆွေများနှင့် မိသားစုဝင်များ ရှေ့မှောက်တွင် ကျင်းပ၍ တရားဝင် လက်မှတ်ထိုး ထိမ်းမြား လက်ထပ် ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ နှစ်ဦးပေါင်း အသက်မှာ ၁၉၄ နှစ်ရှိကြောင်း၊ ယခင်က ကမ္ဘာ့ အသက် အကြီးဆုံး ဇနီးမောင်နှံ အဖြစ် နှစ်ဦးပေါင်း အသက် ၁၉၁ နှစ်ဖြင့် စံချိန်တင်ထား ခဲ့သည့် ပြင်သစ်နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိမိတို့အနေဖြင့် လက်ထပ်မည့် အစီအစဉ်ကြောင့် သားသမီး မြေးမြစ်များ စိတ် အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ် သောကြောင့် မင်္ဂလာပွဲကို အစောတလျင် မကျင်းပဘဲ နောက်ကျမှ ကျင်းပခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့  နောက်ကျမှ ကျင်းပခဲ့ရခြင်း အပေါ် နောင်တမရ ဟု သားသမီး ခုနစ်ဦး၊ မြေး ၁၅ ဦးနှင့် မြစ် ၇ ဦးကို ပိုင်ဆိုင် ထားသည့် သတို့သမီး ဖြစ်သူ ရင်းလပ်ကီး က ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment