Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 14, 2015

ခေတ်စားလာတဲ့ ထိုင်းနိုင်ငံက ကွန်တိန်နာ တည်းခိုခန်း


ထိုင်းနိုင်ငံတွင် ကွန်တိန်နာ တွဲဆိုင်းယာဉ်များမှ ကွန်တိန်နာအလုံးတွေကို ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ ဘောလုံးကွင်း၊ ဈေး စတဲ့နေရာ တော်တော်များများမှာ လူအများ နေရာထိုင်ခင်း အသုံးပြုနိုင်အောင် ဖန်တီးအသုံးပြု လာခဲ့ကြတာဟာ ၅ နှစ်ဝန်းကျင်ခန့် ရှိနေပါပြီ။ တနေရာ နဲ့ တနေရာကို ရွှေ့ပြောင်းရာမှာ လည်း ကွန်တိန်နာ အလုံးတွေကို လွယ်လင့်တကူ သယ်ဆောင်သွားနိုင်တာကြောင့် အသုံးပြုသူတွေ များပြားလာတာ ဖြစ်ပါတယ်။

အဲဒီကတဆင့် အခုနောက်ပိုင်းမှာတော့ ကွန်တိန်နာ တည်းခိုခန်း (Sleep Box) ဆိုပြီး အသွင်ပြောင်း လာခဲ့ပြန်ပါပြီ။ ငွေကြေးချမ်းသာသူတွေက ကွန်တိန်နာတွေကို ဒါဇင်လိုက် ဝယ်ယူပြီး တည်းခိုခန်းအဖြစ် ဆောက်လုပ်တာ ဖြစ်ပါတယ်။

ကွန်တိန်နာတွေကို ကြည်နူးဖွယ် အရောင်အဆင်းတွေနဲ့ ခြယ်သအခန်းဖွဲ့ထားပြီး အခန်းတွေထဲမှာ အင်တာနက် အသုံးပြုနိုင်ရန် Wi-Fi တပ်ဆင်ခြင်း၊ အပူဒဏ်ကာကွယ်နိုင်သည့် အဲယားကွန်း ထားပေးခြင်း၊ နံရံကပ် TV၊ အ နောက်တိုင်းဆန်ဆန် ရေချိုးခန်း၊ အိပ်ခန်း စတဲ့ ဝန်ဆောင်မှုတွေနဲ့ ဧည့်သည်တွေကို ဆွဲဆောင်နေပါတယ်။ တည်းခိုခန်းခကိုတော့ အခန်းအမျိုးအစားအလိုက် သတ်မှတ်ထားပါတယ်။

ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေပေါများတဲ့ ချင်းမိုင်မြို့မှာ ဆိုရင် Sleepbox Chiangmai Hotel ဆိုပြီး ကွန်တိန်နာ တည်းခိုခန်းတွေ နေရာအနံ့မှာ ရှိနေပါပြီ။
ငြိမ်းဇော် – Irrawaddy

No comments:

Post a Comment