မူဆယ် ၊ ၅-၆-၂၀၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ နေအိမ် တစ်ခု၌ အိမ်အကူ အမျိုးသမီးနှင့် အတူ အိမ်ရှင် ဖြစ်သူ၏ ရွှေထည် ပစ္စည်းနှင့် ငွေကျပ် ၁၁၂ သိန်းကျော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် ထုံးဖိုကျေးရွာ နေသူ မအေးမွှေး ၂၆ နှစ်ခန့်သည် ဦးကျော်မိုး(ခ) မိုးလေး ၏ နေအိမ်ဖြစ်သော မူဆယ်မြို့ ဈေးရပ်ကွက် အိမ်အမှတ်ဈ/ ၁၉၃သို့ အိမ်အကူ လုပ်ရန် ၂ဝ၁၅ ခုနှစ် ဧပြီ ၂၂ ရက်တွင် ရောက်ရှိ လာခဲ့ပြီး အိမ်ရှင်ဖြစ်သူ ဦးကျော်မိုး မှ တစ်လလျှင် ငွေကျပ် ၅ဝဝဝဝ ဖြင့် အလုပ်ခိုင်း ခဲ့ကြောင်း ၊ ထိုသို့ အလုပ်လုပ်ကိုင် နေစဉ် မေ ၄ ရက် ညနေ ၃ နာရီခွဲတွင် ဦးကျော်မိုး(ခ) မိုးလေး သည် ၄င်း၏ ဈေးဆိုင်၌ ဈေးရောင်းနေစဉ် ယောက္ခမ ဖြစ်သူ ဒေါ်သန္တာအောင် က အိပ်ခန်းအတွင်း ကုတင်ပေါ်၌ ထားခဲ့သော စလင်းဘတ်အိတ် နှင့်အတူ အိမ်အကူ ဖြစ်သူ မအေးမွှေး တို့ ပျောက်နေကြောင်း ဖုန်းဆက် အကြောင်းကြား၍ သွားရောက် ကြည့်ရှုခဲ့ရာ ဒေါ်သန္တာအောင် သည် ငွေကျပ် ၁၁၂၁၃၃ဝဝ တန်ဖိုးရှိ ရွှေထည် ပစ္စည်းများ နှင့် ငွေများ ထည့်ထားသည့် စလင်းဘတ်အိတ် နှင့်အတူ အိမ်အကူ ဖြစ်သူ မအေးမွှေးတို့ ပျောက်ဆုံးလျက် ရှိကြောင်း ပြောပြခဲ့ရာ ဦးကျော်မိုး(ခ) မိုးလေး မှ သက်ဆိုင်ရာ မြို့မရဲစခန်း သို့ တိုင်တန်း အမှုဖွင့် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မူဆယ် မြို့မရဲစခန်းမှ ပျောက်ဆုံးမှု နှင့်အတူ သံသယရှိ နိုင်ဆုံး အိမ်အကူ ဖြစ်သူ မအေးမွှေး ၂၆ နှစ်ခန့် (ကိုယ်ရေး စိစစ်ဆဲ)ကို (ပ)၁၉၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၈၁ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment