Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

ဒုတိယမြောက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား တည်ဆောက်မှု ထိုင်းဘက်တွင် စတင်

လက်ရှိ အသုံးပြုနေသည့် ချစ်ကြည်ရေးတံတား / ဓာတ်ပုံ - အောင်ခိုင်
Byမိုးညို
 မြ၀တီ-မဲဆောက်ဒုတိ ယမြောက်ချစ်ကြည်ရေးတံတား တည်ဆောက်ခြင်းကို ထိုင်းဘက် ခြမ်းတွင် 
စတင်နေပြီဟု သတင်း ရရှိသည်။
ထိုင်းအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သည့် အဆိုပါ တံ တားမှာ ထိုင်းနိုင်ငံက ဘတ်သန်း ၃,၉၀၀ ကျော် ကနဦးသုံးစွဲနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၅ နှစ်ကုန် တွင် ပြီးစီးရန် ရည်ရွယ်ထား ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မီဒီ ယာများက ရေးသားဖော်ပြသည်။
အဆိုပါ တံတားသစ်တွင် မြန်မာအစိုးရက  ငွေကြေး စိုက်ထုတ်သုံးစွဲမည် မဟုတ် ကြောင်း ပြီးခဲ့သည့်လ၌ ဆောက် လုပ်ရေးဝန်ကြီးဌာနက ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုဝန်ကြီးက မီဒီယာများအား ပြော ကြားခဲ့သည်။
တံတားကို တစ်နှစ်အတွင်း အပြီးတည်ဆောက်ရန် ရည်ရွယ် ထားပြီး အသစ်တည်ဆောက်မည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားမှာ လက်ရှိတံတားထက် ပိုမိုကြီးမားနိုင်ကာ တံတားသစ်မှာ လက်ရှိတံတား၏ မြောက်ဘက် သုံးကီလိုမီတာအကွာ ထိုင်းဘက် ခြမ်းဝမ်တစ်ခင်း ရမ်းရပ်ကွက် (၇) နေရာတွင်ဖြစ်ပြီး မြန်မာဘက် ခြမ်း၌မူ မြ၀တီအမှတ်(၅)ရပ် ကွက်တွင် တည်ရှိမည်ဖြစ်သည်။
‘‘ဟိုဘက်ကမ်း (မဲဆောက်) ဘက်မှာတော့ စက်ယန္တရားတွေ ရောက်နေပြီ။  ဒီဘက်ခြမ်းမှာ တော့ မြေကိုလာတိုင်းတာလောက် ပဲ တွေ့သေးတယ်’’ဟု မြ၀တီမြို့ ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး စောလင်းအောင်က ပြောသည်။
ယခုတည်ဆောက်မည့် တံ တားသစ်သည် ထိုင်းနိုင်ငံဘက်ရှိ မဲဆောက်အထူးစီးပွားရေးဇုန်နှင့် နီးစပ်မှုရှိပြီး အဆိုပါစီမံကိန်းအ တွက် အထောက်အကူပြုရန် တံ တားသစ်ကို ထိုင်းအစိုးရက မျှော် လင့်ထားသည်။
ထိုင်းဘက်ခြမ်းတွင် လုပ် ငန်းစတင်နေပြီဖြစ်သော်လည်း မြန်မာဘက်ခြမ်းရှိ ရေပူအရပ် တွင်မူ လုပ်ငန်းစတင်ခြင်း မရှိသေး ကြောင်း မြ၀တီမြို့မှ ဒေသခံအ ချို့က ပြောသည်။
လက်ရှိတံတားဟောင်းမှာ ၁၉၉၅ က စတင်ဖွင့်လှစ်အသုံးပြု ခဲ့ခြင်းဖြစ်ပြီး မြ၀တီ-မဲဆောက် အဓိက ကုန်သွယ်ရေးအတွက် အ  ရေးပါသည့် တံတားတစ်စင်းဖြစ် သည်။ သို့သော် နှစ်သက်တမ်း ကြာမြင့်လာသည်နှင့်အမျှ ကြံ့ ခိုင်မှုအားနည်းလာပြီး ကုန်တင် ယာဉ်များ ရေရှည်တွင် အသုံးမပြု သင့်သောကြောင့် တံတား တစ် စင်းတည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment