Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 7, 2015

ဧရာဝတီသပိတ်စစ်ကြောင်းပါ အသက်အငယ်ဆုံးကျောင်းသူ တက္ကသိုလ်ဝင်တန်းအောင်မြင်


အမျိုးသားပညာရေး ဥ ပဒေကို ဆန့်ကျင်သပိတ်မှောက် ဆန္ဒပြခဲ့သည့် ဧရာဝတီသပိတ် စစ်ကြောင်းတွင် ပါဝင်ခဲ့သော အသက်အငယ်ဆုံးကျောင်းသူမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည်။

ဇွန်လ ၆ ရက် နံနက်ကထွက် ရှိသည့် တက္ကသိုလ်ဝင်တန်း စာ မေးပွဲအောင်စာရင်းတွင် အထက (၁) ပုသိမ်မှ ကျောင်းသူမချောစုစံ သည် ခုံနံပါတ် အသ-၇ ဖြင့် အောင်မြင်ခဲ့သည်။

‘‘ဆယ်တန်းကအောင်မြင်ဖို့ လည်းခဲယဉ်းပါတယ်။ ဆယ်တန်း ကို အောင်အောင်ဖြေပြီးတော့ မိ ဘတွေကိုလည်း ပျော်စေချင် တယ်။ အဲဒါကြောင့် သပိတ်ထဲ မှာ လိုက်လာပေမယ့် တတ်နိုင်သ လောက်ကြိုးစားတယ်။ ရတဲ့အ မှတ်က နည်းနိုင်ပေမယ့် အောင် တဲ့အတွက် ဂုဏ်ယူပါတယ်’’ဟု ပုသိမ်မြို့မှ ကျောင်းသူ မချောစုစံ ကပြောသည်။

မချောစုစံသည် ပုသိမ်မြို့မှ ဖေဖော်ဝါရီ ၃ ရက်တွင် စတင် ထွက်ခွာသည့် ဧရာဝတီသပိတ် စစ်ကြောင်း၌ အသက်အငယ်ဆုံး ကျောင်းသူအဖြစ် ပါဝင်ခဲ့ပြီး သပိတ်ခေတ္တနားချိန်များတွင် စာ များ ကျက်မှတ်ခဲ့သည်။ ဖေဖော် ၀ါရီ ၈ ရက်တွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုရန် မိသားစု များကလာရောက်ခေါ်ဆောင်ခြင်း ကြောင့် သပိတ်စစ်ကြောင်းရပ်နား သည့် မအူပင်မြို့မှ ပုသိမ်မြို့ သို့ပြန်သွားခဲ့သည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် သပိတ်စစ်ကြောင်း ရှိသည့် မအူပင်မြို့သို့ ပြန်ရောက်လာခဲ့ပြီး သပိတ်ရပ်နားချိန်၌ တက္ကသိုလ်ဝင်စာမေးပွဲသို့ ၀င် ရောက်ဖြေဆိုခဲ့သည်။

‘‘သူ့ကိုစာမေးပွဲမတိုင်ခင် ၁၀ ရက်လောက်အလိုကတည်းကစာ မေးပွဲဖြေဖို့ ပုသိမ်ကိုပြန်လွှတ် လိုက်ပါတယ်’’ဟု ဧရာဝတီသ ပိတ်စစ်ကြောင်းဦးဆောင်ကော် မတီဝင် ကိုအောင်ခန့်ဇော်ကပြော ကြားသည်။

ဧရာဝတီသပိတ်စစ်ကြောင်း သည် ပုသိမ်မြို့မှထွက်ခွာလာပြီး နောက် ဖျာပုံမြို့အရောက် ဖေ ဖော်ဝါရီ ၁၆ ရက်တွင် လေးပွင့် ဆိုင်ဆွေးနွေးအပြီး ကျောင်းသား များတောင်းဆိုထားသည့်အချက် ၁၁ ချက်ကို အစိုးရနှင့်လွှတ်တော် က သဘောတူခဲ့ပြီးနောက် အမျိုး သားပညာရေးဥပဒေကို ပြင်ဆင် မည့် အစိုးရနှင့်လွှတ်တော်ကို စောင့်ကြည့်ရန် အမျိုးသားပညာ ရေးဥပဒေပြင်ဆင်ရေး စောင့် ကြည့်ကော်မတီဖွဲ့စည်း၍ ရပ်နား ခဲ့သည်။

7daydaily

No comments:

Post a Comment