Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

အစိုးရအဆိုပြုနှုန်းနှင့်အလုပ် သမားများတောင်းဆိုမှုနှုန်း နှစ်ခုစလုံးပြေလည်မှုမရရှိ


အနိမ့်ဆုံးလုပ်ခလစာသတ်မှတ် ရန် အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်ကြာ ပြုလုပ်ခဲ့ရာ အစိုးရမှ အဆိုပြုသော ဈေးနှုန်းနှင့် အလုပ်သမားများ တောင်းဆိုသော ဈေးနှုန်းနှစ်ခုစလုံး ကို CMP လက်ခစားကုန်ထုတ် လုပ်ငန်းရှင်များကပေးချေရန် မဖြစ် နိုင်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှ သိရ သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံသော အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရန် အလုပ်သမားဝန်ကြီး ဌာနမှ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကို ရန်ကုန်မြို့ကုန်သည်စက်မှု အသင်းချုပ် UMFCCI ၌ပြု လုပ်ခဲ့သည်။ အခြားသော ကုန် ထုတ်လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များက တစ်ရက်အ လုပ်ချိန် ရှစ် နာရီအပေါ်အနိမ့်ဆုံး လုပ်ခ ၄ဝဝဝ ပေးချေနိုင်ရန်သ ဘောတူညီခဲ့သော်လည်း CMP လုပ်ငန်းရှင်များအတွက် ခက်ခဲ လျက်ရှိကြောင်း အထည်ချုပ်လုပ် ငန်းရှင်များအသင်းမှ ပြောကြား သည်။

CMP တစ်ခုတည်းကိုသာ ခွဲ ခြားသတ်မှတ်ခြင်းမျိုးကို အလုပ် သမားကိုယ်စားလှယ်များက ကန့် ကွက်ခဲ့ပြီး နောက်ဆုံးအဆင့်လျှော့ ချမှုအဖြစ်တစ်ရက်လုပ်ခကျပ်၎ဝဝဝ ကိုတောင်းဆိုခဲ့ကြောင်း''အစိုးရက တောင်းဆိုတဲ့ကျပ်၃၂ဝဝနဲ့အလုပ်သ မားကိုယ်စားလှယ်တွေကတောင်း ဆိုတဲ့ ၄ဝဝဝ ကိုဘယ်လိုမှပေးဖို့ မတတ်နိုင်ပါဘူး။ အများဆုံးပေး နိုင်တဲ့ နောက်ဆုံးပမာဏ ၂၅ဝဝ ပါပဲ''ဟု အထည်ချုပ်လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုးက ဆိုသည်။

CMP လက်ခစားလုပ်ငန်းများ ၏ အခြေအနေမှာ ယခုနှစ်အတွင်း မှာသာ ဖွံ့ဖြိုးခါစအခြေအနေတွင် ရှိနေပြီး လုပ်ခအနိမ့်ဆုံးအခြေခံ နှုန်းထားကို ကျပ်၂၅ဝဝ ထက် ကျော်လွန်အောင်ပေးအပ်နိုင်ခြင်း မရှိကြောင်း ၄င်းဆက်ပြောသည်။

''အော်ဒါတွေလက်ခံထားတာမှန် ပါတယ်။ဒါပေမယ့် ၆ လစာနဲ့တစ် နှစ်စာပဲရှိတယ်။ အလုံးအရင်းနဲ့ အော်ဒါရတဲ့အခြေအနေ မဟုတ် သေးတော့ ဈေးကွက်ကိုလည်း ကြိုမှန်းဆလို့မရသေးပါဘူး''ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ ဦးကျော်ဝင်းကပြောသည်။

ဥရောပနှင့် အမေရိကမှ အပ် ထည်များ ရရှိခါစဈေးနှုန်းနည်း ပါးသောအခြေအနေတွင်ရှိပြီး ဂျပန်၊ကိုရီးယား စသော အရှေ့ တိုင်းနိုင်ငံများ၏ အပ်ထည်များဖြင့် သာ CMP လက်ခစားလုပ်ငန်း များလည်ပတ်နေရကြောင်းသိရ သည်။

''နိုင်ငံရေးအပြောင်းအလဲတွေ၊ ပြည်တွင်းစီးပွားရေးမတည်ငြိမ်တာ တွေနဲ့ထုတ်လုပ်မှုစရိတ်မြင့်တက် လာတာတွေက လုပ်ခလစာပေး နိုင်စွမ်းလျှော့ကျသွားတာပါ''ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးကပြောသည်။

ကျွမ်းကျင်မှု နည်းပါးသော လုပ်သားများနှင့်လုပ်ငန်းခွင်ရွှေ့ ပြောင်းများသောမြန်မာလုပ်သား ဈေးကွက်ကြောင့် အော်ဒါများကို အချိန်မီထုတ်လုပ်ရန် ခက်ခဲပြီး အချိန်ပိုများကို ဦးစားပေးနေရဆဲ ဖြစ်ကြောင်း ကိုရီးယားအထည် ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ကပြောသည်။

အထည်ချုပ်လုပ်ငန်းများနည်း တူ အခြားသောလက်ခစား CMP အီလက်ထရွန်နစ်လုပ်ငန်းများမှာ ရှုန်းကန်နေရဆဲဖြစ်သောကြောင့် အနိမ့်ဆုံးလုပ်ခလစာကိုကျပ်၂၅ဝဝ ထက်ပိုမိုမပေးနိုင်ကြောင်းလုပ်ငန်း ရှင်မရည်နွယ်မြင့်ကပြောသည်။

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ် မှုမှာ အလုပ်သမားဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး အလုပ်သမားများတောင်းဆိုသော ကျပ် ၄ဝဝဝကို သတ်မှတ်နိုင်ရန် ဟိုတယ်လုပ်ငန်းနှင့်စားသောက် ဆိုင်လုပ်ငန်းရှင်များ၊ CMP လက် ခစားလုပ်ငန်းရှင်များက ဦးဆောင် ကန့်ကွက်လျက်ရှိသည်။

ပြည့်ဖြိုးကျော်
The Union Daily
http://uniondaily.net

No comments:

Post a Comment