အေသင်အောင်
လူတွေဟာ
ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းကျလေ့ မရှိကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့
ကိုယ့်မှာရှိနေတဲ့ အရာတွေပာာ ပြီးပြည့်စုံလေ့ မရှိဘူးလို့ ခံယူထား
တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု၊ လော့အိန်ဂျလိစ်မှာ
နေထိုင်တဲ့ အသက် (၃၉) နှစ်အရွယ်ရှိ ရူဖင်နယ်လီဟာ သူ့ဘ၀ အပေါ်
အမြဲကျေနပ်နေခဲ့ တယ်လို့ သိရပါတယ်။ ရူဖင်နယ်လီပာာ ကမ္ဘာ့ အကြီးဆုံး
တင်ပါးပိုင်ရှင်အဖြစ် သတ်မှတ် ခံရ တာကြောင့် ဖြစ်ပါတယ်။ တင်ပါးနဲ့
အောက်ခြေပိုင်းပာာ ထူးထူးခြားခြား ကြီး နေတာကြောင့် အချို့ အချိန်တွေမှာ
လှောင် ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရူဖင်နယ်လီပာာ တင်ပါး နဲ့
အောက်ခြေပိုင်းကို တစ်ပတ်ပတ်လည်တိုင်းတာပါက ရှစ်ပေ လောက်အထိရှိပါတယ်။
ဒါကြောင့် တင်ပါး အကြီးဆုံး အဖြစ် သတ်မှတ်ခံနေရခြင်း ဖြစ်ပါတယ်။
အရပ် (၅ ပေ၊ ၄ လက်မ)၊ ကိုယ် အလေးချိန်က ပေါင် (၄၂၀) အထိရှိပြီး ကြီးမားတဲ့
တင်ပါးကြောင့် သွားလာရာမှာ အနှောင့်အယှက် ဖြစ်ပေမယ့် လက်ရှိ အနေအထားကို
နှစ်သက်မိကြောင်း ရူဖင်နယ်လီက ဆိုခဲ့ပါတယ်။ ရူဖင်နယ်လီက သူ့အနေနဲ့
ကိုယ်အလေးချိန်ကို လျှော့ချဖို့ အစီအစဉ် မရှိကြောင်း၊ လက်ရှိပုံစံကို
ပြောင်းလဲသွားဖို့ စဉ်းစားနေမှာ မပာုတ်ကြောင်း ပြောကြားခဲ့ ပါတယ်။
ရူဖင်နယ်လီပာာ ခါးဆိုက်ဒ်လက်မ (၄၀)ရှိပြီး တင်ပါးကတော့ (၉၉)လက်မ
အထိရှိပါတယ်။
ရူဖင်နယ်လီမှာ သမီးတစ်ဦး ရှိပြီး
သမီးဖြစ်သူကတော့ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်နေပါတယ်။ ဒါပေမဲ့
ရူဖင်နယ်လီကတော့ မိမိအနေဖြင့် ကျန်းမာရေး ကောင်းမွန်ပြီး ဆွဲဆောင်မှု အပြည့်
ရှိတဲ့ တင်ပါးကို ပိုင်ဆိုင်ထားခြင်းကြောင့် ဂုဏ်ယူမိကြောင်း၊ထို့ကြောင့်
မည်သည့် ပြောင်းလဲမှုကိုမှ ပြုလုပ်မည် မဟုတ်ကြောင်း ဆက်လက်ဆိုခဲ့ ပါတယ်။
ရူဖင်နယ်လီဟာ ရုပ်သံ အစီအစဉ် တစ်ခုက ပြုလုပ်တဲ့ တင်ပါး အကြီးဆုံး
ပြိုင်ပွဲမှာ အခြား အမျိုးသမီး သုံးဦးကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို
ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
http://www.messengernewsjournal.com
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 8, 2015
တင်ပါး အကြီးဆုံး ဖြစ်နေတာကို ဂုဏ်ယူနေသူ
တင်ပါး အကြီးဆုံး ဖြစ်နေတာကို ဂုဏ်ယူနေသူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment