Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 3, 2015

ကမ္ဘာ့ ပထမဆုံး မျက်နှာအသွင်ပြင် မှတ်မိနိုင်တဲ့ ATM စက် တရုတ်တီထွင်


မျက်နှာအသွင် မှတ်မိနိုင်တဲ့ နည်းပညာနဲ့ ကမ္ဘာ့ပထမဆုံး ATM ငွေထုတ်စက်ကို တရုတ်သုတေသီတွေ မိတ်ဆက်ခဲ့ပါတယ်။ Tsinghau University နဲ့ Tzekwan Technology က အဖွဲ့တစ်ဖွဲ့မှ ဒီဇိုင်းဆွဲဖန်တီးထားတဲ့ ဒီစက်ကို သောက်ကြာနေ့က မိတ်ဆက်ခဲ့တာပြီး မျက်နှာမှတ်မိနိုင်တဲ့ features တွေ တစ်ပါတည်းရှိတဲ့ ဒီ ATM စက် တီထွင်ဖို့ သုတေသနပညာရှင်တွေ ဟိုးအရင်ကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ function စုံစုံလင်လင် ပါရှိတဲ့ စက်လည်းဖြစ်ပါတယ်။

မျက်နှာကို ဓာတ်ပုံ ရိုက်ပေးပြီး ID နိုင်ငံသား မှတ်ပုံတင်ထဲက ဓာတ်ပုံနဲ့ နှိုင်းယှဉ်ပေးမယ့် ကင်မရာ တစ်လုံးတပ်ဆင်ထားတဲ့ ဒီ ATMs စက်တွေကို ဘဏ်တွေနဲ့ ဒေသ ဆိုင်ရာ ရဲစခန်းတွေနဲ့ ချိတ်ဆက်ထားမှာဖြစ်ပါတယ်။ မျက်နှာအသွင် စကင်ဖတ်ခြင်းမှာ သုံးစွဲသူရဲ့ ဘဏ်အကောင့်ထဲ ဝင်ခွင့်ရဖို့ အဓိက လိုအပ်ချက် ဖြစ်တဲ့ စကားဝှက်(password) သို့မဟုတ် PIN နံပါတ်တွေထက် ပိုအရေးကြီးတဲ့ နောက်ထပ် လုံခြုံရေးစနစ်တစ်ခုဖြစ်ပါတယ်။

မျက်နှာအသွင်ပြောင်းလဲသွားရင်တောင် ယင်းကဒ် ကိုင်ဆောင်သူဟာ အစစ်ဖြစ်ကြောင်း သက်သေ အထောက်အထားပြနိုင်သေးတယ်လို့ သုတေသီတွေက အခိုင်အမာ ဆိုထားပါတယ်။ လိမ်လည်ဖို့ စက်မှာ မျက်နှာ စကင်လာဖတ်သူတွေကို စစ်ဆေးထောက်လှမ်းပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
http://www.trend.com.mm/2015/06/03/tech-6781

No comments:

Post a Comment