Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 11, 2015

ကမ္ဘာအနှံ့ကို ထိုးဖောက်တော့မယ်ဆိုတဲ့ Alibaba.com

E-commerce ကုမ္ပဏီကြီးဖြစ်တဲ့ Alibaba ဟာ အနာဂတ်မှာ ကမ္ဘာအနှံ့ထိုးဖောက်ဖို့ ရှိကြောင်းနဲ့ ၄င်းရဲ့ platform ကျေးဇူးနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းငယ်လေးတွေဟာ သန်းပေါင်းများစွာသော တရုတ်နိုင်ငံ လူလတ်တန်းစားများထံ အရောက်ရောင်းချနိုင်မည်ဖြစ်ကြောင်း Alibaba ကုမ္ပဏီတည်ထောင်သူ ဥက္ကဌ Jack Ma ထံမှ သိရှိရပါတယ်။

“ပစ္စည်းတွေ ရောင်းချရဖို့သက်သက် မဟုတ်ပါဘူး။ E-commerce အခြေခံအဆောက်အအုံကို ကမ္ဘာအနှံ့ ထိုးဖောက်သွားမှာပါ။ အင်တာနက် e-commerce ဟာ တရုတ်နိုင်ငံမှာ အမေရိကန်ထက် ဘာကြောင့် မြန်မြန်ကြီး ကြီးထွားလာတာလဲဆိုတော့ အမေရိကန်ရဲ့ နေရာတိုင်းလိုလိုမှာ Wal-Mart တို့၊ K-Mart တို့ ဆိုတာတွေရှိပြီး တရုတ်နိုင်ငံမှာတော့ ဘယ်မှာမှမရှိလို့ပါ။ ဒါ့ကြောင့် e-commerce က အမေရိကန်မှာ ကန္တာရ သက်သက်ပါပဲ။ တရုတ်နိုင်ငံမှာတော့ တကယ့် အကြောင်းအရာပေါ့။” လို့ Jack Ma ကပြောသွားခဲ့ပါတယ်။

နယူးယောက်မှာရှိတဲ့ Economic Club ရဲ့ အဖွဲ့ဝင်ပေါင်း ၁၀၀၀ခန့်ရဲ့ ရှေ့မှာ Jack Ma က ယခုလိုရှင်းပြသွားခဲ့တာဖြစ်ပြီး သူ့ကို မိတ်ဆက်ပေးခဲ့သူကတော့ Federal Reserve Back ရဲ့ အမှုဆောင်အရာရှိချုပ်၊ Economic Club ဥက္ကဌ Willam Dubley ပါ။

နောက်ငါးနှစ်အတွင်းမှာ Alibaba ကုမ္ပဏီဟာ ကုန်ပစ္စည်းတန်ဖိုးပေါင်း ကန်ဒေါ်လာ တစ် ထရီလီယံ ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Alibaba ဟာ ၂၀၁၅ခုနှစ် မတ်လအထိ ကန်ဒေါ်လာ ၃၉၃ ဘီလီယံ ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်း ရောင်းအား ၄၆ရာခိုင်နှုန်းထိ တက်လာတဲ့ e-commerce ကုမ္ပဏီလည်းဖြစ်ပါတယ်။

(THN)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : ECNS

No comments:

Post a Comment