Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 8, 2015

3Dပန်းချီကိုစတင်သူ




 3D ဆိုတာ three dimensional(သုံးဖက်မြင်)ကိုခေါ်တာဖြစ်ပြီး ဒီပန်းချီတွေကို စတင်ဆွဲခဲ့တဲ့သူကတော့ အမေရိကန်နိုင်ငံသား Kurt wennerပဲဖြစ်ပါ တယ်။
သူဟာ Rhode Islandဒီဇိုင်းနဲ့အနုပညာကျောင်းကဆင်းလာပြီးနောက် NASAအဖွဲ့မှာအဆင့်မြင့်သိပ္ပံပန်းချီဆရာတစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။
၁၉၈၂ခုနှစ် NASAကထွက်လာပြီးတဲ့နောက်မှာသူပိုင်ဆိုင်သမျှကိုအကုန်ရောင်းပြီး အီတလီကိုထွက်လာခဲ့ပါတော့တယ်။အီတလီမှာသူဟာ ရောမရဲ့အကောင်းဆုံးသောပန်းချီ၊ပန်းပု၊အနုပညာလက်ရာတွေကိုလေ့လာခဲ့ပါတယ်။
၂၀၀၀ပြည့်နှစ်မှာတော့သူ့ရဲ့ပထမဆုံး 3D လက်ရာတွေကို Santa Barbara ပြတိုက်မှာပြသနိုင်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ သူဟာ Mission festival လို့ခေါ်တဲ့ ပထမဆုံး street painting ပွဲတော်ကိုဦးဆောင်ကျင်းပနိုင်ခဲ့ပါတယ်။
Kurt wennerဟာ အခုအချိန်မှာတော့အမေရိကန်နိုင်ငံမှာနေထိုင်လျက်ရှိပြီး 3Dပန်းချီဆိုင်ရာလုပ်ငန်းများနဲ့ ပန်းချီနည်းပြအဖြစ်လုပ်ဆောင်လျက်ရှိပါတယ်။
အောက်ပါပုံများကတော့ Kurt Wenner စတင်ရေးခဲ့တဲ့ 3Dပန်းချီလက်ရာတွေ
ပဲဖြစ်ပါတယ်။
‪#‎AyeSay‬
www.fb.com/ayesaycommm

No comments:

Post a Comment