Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

စတိတ် စင်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ U2 အဖွဲ့မှ ဂစ်တာသမား The Edge


ကမ္ဘာကျော် ရော့်အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ U2 အဖွဲ့မှ ဂစ်တာသမား The Edge ဟာ ကနေဒါနိုင်ငံ Vancouver မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲအတွင်း စတိတ်စင်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။
U2 အဖွဲ့ဟာ “I Still Haven’t Found What I’m Looking For” ဆိုတဲ့ သီချင်းကို ဖျော်ဖြေနေစဉ်မှာ The Edge ဟာ စင်မြင့်တလျှောက် လမ်းလျှောက်ပြီး ဂစ်တာတီးနေခဲ့ပါတယ်။
ဒါပေမယ့်လည်း The Edge ဟာ ပတ်ဝန်းကျင် အခြေအနေတွေကို သတိထားမိခဲ့ပုံ မပေါ်ပါဘူး။ သူဟာ တစ်လှမ်းချင်း နဲ့ ခြေလှမ်းများစွာကို လျှောက်လာခဲ့ပေမယ့် သူရောက်သွားတဲ့နေရာဟာ စတိတ်စင်ရဲ့ အစွန်ဆုံးနေရာ ဆိုတာကို သူမသိခဲ့ပါဘူး။
အဲဒီအတိုင်းပဲ ဆက်လျှောက်နေခဲ့ရာကနေ စင်အောက်ကို လုံးဝ ပြုတ်ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။ အခြားအဖွဲ့ဝင်တွေလည်း ဖျော်ဖြေနေမှုကို ခဏ ရပ်ထားလိုက်ရပြီး The Edge ကို ကူညီခဲ့ရပါတယ်။
ကံကောင်းစွာနဲ့ပဲ The Edge ဟာ လက်မှာ အနည်းငယ်သာ ပွန်းပဲ့မှု ဖြစ်ခဲ့တယ်လို့ U2 အဖွဲ့ရဲ့ Instagram စာမျက်နှာ မှာ တင်ထားတာကို တွေ့ရပါတယ်။
Ref:elitedaily
http://www.trend.com.mm/2015/05/18/news-6630

No comments:

Post a Comment