Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 17, 2015

Survivor ဇာတ်လမ်းတွဲ ထုတ်လုပ်သူ ဇနီးကို သတ်မှုဖြင့်ဖမ်းဆီး


Ref :: Globe
အမေရိကန်ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ် တဲ့ Survivor ကို ထုတ်လုပ်သူ ဘရုစ် ဘားရက်စ်ဖော့ဒ်ရက်မန်းဟာ ဇနီးဖြစ် သူကို သေတဲ့အထိ ရိုက်သတ်ခဲ့ပါတယ်။ ဘရုစ်ဟာ ဇနီးဖြစ်သူ မိုနီကာရဲ့ အဝတ်ဗလာအလောင်းကိုတော့ မိလ္လာပိုက်ထဲထိုးသွင်းပြီး အစဖျောက်ဖို့ ကြိုးပမ်းခဲ့ပါ တယ်။ ဘရုစ်ဟာ ရာဇဝတ်မှုကျူးလွန်ခဲ့ပြီးနောက်မှာ ထွက်ပြေးလွတ်မြောက်ဖို့ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်စီရင်ချက်ချမှတ်ခံ ခဲ့ရပါတယ်။ ဒါပေမဲ့ ဘရုစ်ဟာ ကျူးလွန်ခဲ့တဲ့ ပြစ်မှု အတွက် ထောင်ဒဏ် ၁၂နှစ်ပဲ ကျခဲ့ပါတယ်။ ဒါကို ဇနီးသည် မိုနီကာရဲ့မိသားစုက လက်ခံကျေနပ်ခြင်း မရှိကြပါဘူး။
မက္ကဆီကိုတရားရုံးတစ်ရုံးက ကလေးနှစ် ယောက်မိခင် မိုနီကာ ၄၁နှစ်ကို သတ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၂နှစ်သာချမှတ်ခြင်းမှာ နောက်ကွယ်က အကြောင်းတရားတွေရှိနေဦးမယ်လို့ မိုနီကာရဲ့မိသား စုဝင်တွေက ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ အကျိုးအကြောင်းသက်သေတွေနဲ့ ညီညွတ်ခိုင်လုံမှု မရှိဘူးလို့ မိုနီကာမိသားစုဝင်တွေက ဆိုပါတယ်။
မိုနီကာမိသားစုဝင်တွေက ဘရုစ်ကို ထောင် ဒဏ်နှစ် ၅ဝအထိ ချမှတ်ပေးဖို့ တရားရုံးကိုတောင်းဆို ခဲ့ပြီး ထောင်ဒဏ် ၁၂နှစ်ဟာ မိုနီကာအတွက် ထိုက် တန်တဲ့မျှတမှုမရှိဘူးလို့ဆိုပါတယ်။
Globe မဂ္ဂဇင်းရဲ့ ရေးသားဖော်ပြချက်တွေ အရ ဘရုစ်ဟာ မိုနီကာနဲ့ သားသမီးနှစ်ယောက်ကို မက္ကဆီကိုအရှေ့တောင်ပိုင်း ကန်ကန်မြို့ အပန်းဖြေ ကမ်းခြေစခန်းကို မခေါ်ဆောင်ခဲ့ခင် လပိုင်းအနည်း ငယ်မှာ ဇနီးသည်မိုနီကာရဲ့ အသက်အာမခံကြေး ဒေါ် လာငါးသန်းထားရှိခဲ့တယ်လို့ သိရပါတယ်။
အပန်းဖြေခရီးစဉ်အတွင်းမှာတော့ မိုနီ ကာဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ရက်ပိုင်းအနည်း ငယ်အကြာမှာတော့ ဘရုစ်က ဇနီးသည်ပျောက်ဆုံး နေကြောင်း သက်ဆိုင်ရာကို သတင်းပေးပို့ခဲ့ပါတယ်။ သတင်းရရှိပြီး မကြာခင်မှာပဲ သက်ဆိုင်ရာက မိုနီကာ ရဲ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မျက်မြင်သက် သေတွေကတော့ အပန်းဖြေစခန်းက ဟိုတယ်ခန်းထဲ မှာ လင်မယားနှစ်ယောက် ရန်ဖြစ်အငြင်းပွားသံများကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ အခြားမျက်မြင်သက်သေ တစ်ဦးကတော့ ဘရုစ်ဟာ မိုနီကာကို ရိုက်နှက်ဖို့ကြိုး စားတာ မြင်တွေ့ခဲ့ရတယ်လို့ထွက်ဆိုပါတယ်။
ဘရုစ်ဟာ ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေ ကြောင့် မက္ကဆီကိုကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ အဖမ်းခံခဲ့ရပါတယ်။ မိုနီကာရဲ့ ရှေ့နေကတော့ ထောင်ဒဏ် ၁၂နှစ်သာကျခံရတဲ့အ ပေါ်မှာ အမျက်ထွက်လျက်ရှိနေပြီး ဘရုစ်ကို ထိုက် တန်တဲ့ ပြစ်ဒဏ်ကျခံရဖို့ ကြိုးပမ်းသွားမယ်လို့ ပြော ကြားထားပါတယ်။ မိုနီကာရဲ့မိသားစုဝင်တွေကလည်း မိုနီကာအတွက် ထိုက်တန်တဲ့ အမှန်တရားနဲ့ မျှတမှု ကို ရှာဖွေသွားဖို့ ကြိုးစားလျက်ရှိနေကြောင်း သိရပါ တယ်။
Yangon Media Group

No comments:

Post a Comment