Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

ခေါင်းဆောင်မင်းသမီးဖြစ်လာတဲ့ sexy မော်ဒယ်လ်

Wednesday, May 20, 2015
ပုရိသကိုကိုတို့ရဲ့ အသည်းစွဲ ဓာတ်ပုံမော်ဒယ်လ်မလေးတယောက် ခေါင်းဆောင်မင်းသမီးအဖြစ် ဗီဒီယိုဇာတ်ကား တွေကို စတင်လက်ခံရိုက်ကူးနေပါပြီတဲ့။
သူကတော့ sexy pose ဓာတ်ပုံတွေနဲ့ ဖေ့ဘုတ်အွန်လိုင်းစာမျက်နှာတွေထက်မှာ လူသိများထင်ရှားတဲ့ မော်ဒယ်လ် သရုပ်ဆောင် ဘေဘီမောင်ပါ။
သူခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်တော့မယ်ဆိုတော့ သူ့ကို အားပေးနှစ်ခြိုက် နေကြတဲ့ ကိုကိုမောင်မောင်တို့အတွက် သတင်းကောင်းလို့ဆိုရလေမလားပဲ။
မော်ဒယ်လ်သရုပ်ဆောင် ဘေဘီမောင် ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင်မယ့် ဗီဒီယိုဇာတ်ကားနှစ်ကား ကန်တော့ပေးပွဲအခမ်းအနားကို မေ၂၀ရက်က ရန်ကုန်မြို့ရှိ City Star Hotel မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဘေဘီမောင် ရိုက်ကူးမယ့် ဇာတ်ကားနှစ်ကားဟာ ဒါရိုက်တာနေဒေါင်းနဲ့အတူ ရိုက်ကူးမယ့် ဂျစ်ပစီဂဲလ်၊ မီးခဲမလေး စတဲ့ အက်ရှင်ဇာတ်ကားနှစ်ကားဖြစ်ပြီး ဇာတ်ကားတွေမှာ ဘေဘီမောင်နဲ့အတူ သရုပ်ဆောင် မင်းဦး၊ သားညီ၊ ထက်လူ၊ အောင်ခိုင်နှင့် တခြား သရုပ်ဆောင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။
ဘေဘီမောင်ဟာ ၂၀၀၉ ခုနှစ်မှ စတင်ပြီးမော်ဒယ်လ် လောကထဲကို ၀င်ရောက်လာခဲ့သူဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့သူပါ။
အခု သူပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကားတကားကတော့ သူ ဓာတ်ပုံမော်ဒယ်လ်အဖြစ် သရုပ်ဆောင်ခဲ့စဉ်ကလို နုနုရွရွ လှလှပပမျိုးမဟုတ်ဘဲ ဖိုက်တင်အက်ရှင်မမ တယောက်လို သရုပ်ဆောင်ရမှာပါတဲ့။
“ဘေဘီမောင်က ငယ်ငယ်ကတည်းက အဖေက ရဲဝန်ထမ်းဆိုတော့ ဒီလိုမျိုးနဲ့မစိမ်းဘူး။ လူဆိုးတွေနဲ့ ဖိုက်တင်ချရမယ်ဆိုတော့ အရမ်းကိုရိုက်ချင်တဲ့ ကားတကားပါ။ သူက ဟောင်ကောင်ဂျက်မ လိုကားဆိုတော့ အခုတော့ ဖိုက်တင်တွေ လေ့ကျင့်နေပါပြီ။ နောက်ပြီးငယ်ငယ်လေးကထဲက ဖြစ်ချင်ခဲ့တာကလည်း စုံထောက်ဆိုတော့ ဒီလို အက်ရှင်ကားတွေ ရိုက်ရမှာ အခက်အခဲတော့သိပ်တော့မရှိပါဘူး လို့ ဂျစ်ပစီ ဂဲလ် ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သတ်လို့ ဘေဘီမောင်က ဆိုပါတယ်။
ဘေဘီမောင်သရုပ်ဆောင်ထားတဲ့ တခြား ဗီဒီယိုဇာတ်ကားတွေလည်းဖြန့်ချိနေပါပြီ။ ဂျစ်ပစီဂဲလ် အက်ရှင်ဇာတ်ကားရဲ့ ၀တ္ထုဇာတ်လမ်းနဲ့ ဒါရိုက်တာက နေဒေါင်းဖြစ်ပြီး ဇာတ်ကားရိုက်ကူးမှုကိုတော့ မေလ၂၁ ရက် နေ့ကစတင်ပြီး ရိုက်ကူးတော့မှာဖြစ်ပါတယ်။
ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy

No comments:

Post a Comment