Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 11, 2015

လန်ဒန်ကောလိပ် ကျောင်းတစ်ကျောင်းမှ selfie ရိုက်နည်း အတန်းတစ်ခု ထည့်သွင်းသင်ကြား


လန်ဒန်ကောလိပ်ကျောင်းတစ်ခုက ကျောင်းသားတွေကို selfie ဓာတ်ပုံ ရိုက်ကျွမ်းကျင်သူတွေဖြစ်အောင် အခွင့်အရေးတစ်ခု ပေးထားပါတယ်။

မတ်လကစပြီး Conven Garden ရှိ City Lit College က “The art of photographic self-portraiture” သို့မဟုတ် သာမန်အရပ်စကားနဲ့ပြောရင် “selfies” ဘာသာရပ်ကို သီးသန့်အတန်း တစ်ခုအဖြစ် ထည့်သွင်း သင်ကြားပေးထားပါတယ်။

(၁) လကြာမြင့်မယ့် အဲဒီပို့ချချက်မှာ ကိုယ့်ပုံတူ ဓာတ်ပုံရိုက်ခြင်းနဲ့ ပတ်သက်ပြီး ပိုမိုသိနားလည်စေဖို့ ဖြစ်တယ်။

မည်သူမည်ဝါဖြစ်ကြောင်း၊ မိမိဘဝ၊ အမှတ်တရ ပုံရိပ်လေးတွေကို ကျောင်းသားတွေ လေ့လာကြည့်ရှု နားလည်နိုင်ဖို့ ဖြစ်ပါတယ်။ ယင်းအတန်းအနေနဲ့ ကျောင်းသားတွေ အရင်က မိမိတို့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်လည်ဆန်းစစ်ဖို့ တောင်းဆိုထားတာမို့ ကိုယ့်အရင် selfie ပုံတွေကို နှိုက်နှိုက်ချွတ်ချွတ် ပြန်လည်ရှာဖို့ ပြင်ဆင်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
http://www.trend.com.mm/2015/05/11/news-6562

No comments:

Post a Comment